Part 10 (U+Z)

646 18 2
                                    

"ဆရာလေး"

အပြေးတစ်ပိုင်းနဲ့ပြေးလာတဲ့ကလေးအုပ်စုကစတုဒိသာကိုတွေ့လိုက်သည့်နှယ်။

"ဟော ကလေးတို့။"

ကြည်နူး ကိုမြင်သည်နဲ့သူ့ထက်ငါလျင်အတင်းပွေ့ဖက်ကာနှုတ်ဆက်ကြတော့လေသည်။

"လွှတ်ပါဦးဗျ။"

"ဆရာလေး သားတို့နဲ့ဒီမှာအပြီးနေမှာမဟုတ်လားဟင်။"

"အပြီးတော့ဘယ်နေလို့ရမလဲကလေးတို့ရဲ့။ ဆရာ ကျောင်းတက်ရဦးမယ်လေ။"

ကလေးတစ်အုပ်မျက်နှာမှာမိုးမှောင်သလိုမှောင်ကျသွား၏။

ကြည်နူး ကနွေရာသီကျောင်းပိတ်ရက်တိုင်းရွာဦးကျောင်းကဆရာတော်ဘုရားရဲ့ကုသိုလ်ဖြစ်ကျောင်းမှာစာသင်နေတော့ကလေးတွေနဲ့ရင်းနှီးနေတာဖြစ်သည်။ကြည်နူး ပုံစံကနူးနူးညံ့ညံ့နဲ့စိတ်ရှည်တက်သည်မို့ကလေးတိုင်းလိုလို ကြည်နူး ကိုချစ်ကြသည် ။

"ကြည်နူး"

"မမ"

"လာလိုက်ခဲ့ ရွာထိပ်ကကြာကန်မှာကြာပန်းတွေပွင့်နေပြီ။"

"ဆရာသွားလိုက်ဦးမယ်နော်၊နောက်နေ့ကျောင်းရောက်မှတွေ့မယ်ကလေးတို့။"

"ဟုတ်ဆရာလေးကြည်နူး တော့တာ။"
>>>>>
"ကဲပြောပါဦးဒါကဘယ်လိုဖြစ်လာရတာလဲ။"

ကြာကန်ပြင်ကိုပဲခပ်ထွေထွေငေးကြည့်ရင်းနဲ့သာ မမမေးသောမေးခွန်းကိုအဖြေရှာမိနေတယ်။

မမ သစ္စာနဲ့ကြည်နူး နဲ့ကအိမ်နီးနားချင်းတွေလည်းဖြစ်ကာငယ်ငယ်တည်းက ကြည်နူး နဲ့ တည်တံ့ စာမရတိုင်းမမဆီမှာမေးနေကြပေ။

ကြည်နူး အိမ်ထောင်ကျသွားမှကာမမနဲ့အဆက်သွယ်သိပ်မရှိတော့တာ။ကြည်နူး အိမ်ထောင်ကျသွားတာကိုမမကနှမြောမိလို့တဲ့။

ကျောက်စရစ်ခဲသေးသေးတစ်ခုကိုကောက်ကိုင်လိုက်ကာထိုကြာကန်ထဲသို့ပစ်ချလိုက်ပြီး.....

"မမတွေ့လားဟင် အဲ့ကြာကန်က ကြည်နူး ပေါ့ဗျာ။ကျောက်စရစ်ခဲကတော့ အကို ပေါ့။တည်ငြိမ်အေးချမ်းနေတဲ့ကြာကန်လေးထဲကိုထိုကျောက်စရစ်ခဲကရေပွတ်ထပြီးလှုပ်ခတ်စေတာလေ။"

အလှလေးကို အကို ပိုင်တယ်{U+Z Complete}Where stories live. Discover now