အပိုင်း ၆

12.6K 956 56
                                    

Unicode

*ဖြန်း!!*

"အ"

ရုတ်တရတ် အရိုက်ခံလိုက်ရသည့် လက်မောင်းတစ်ဖက်ကို ပွတ်ရင်း ရဲခေါင် အလန့်တကြားမော့ကြည့်မိသည်။  ခါးထောက်ရပ်နေသည့် ဆရာသေးသေးလေးသည် လက်သံ ပြောင်၏

စာ လာသင်သည့် ၂ ပတ်အတောအတွင်း စကားရှေ့လက်ကအရင်ရောက်လာတတ်သည့် အကျင့်ကို ရဲခေါင်အတော်အတန်ပင်နောကျေနေပြီ။ တစ်ရက်တွင် အနည်းဆုံး ၂ ခါလောက်တော့
ခေါက်ခံရသေးသည်။

ဆင်စခန်းမှ အငယ်တွေမြင်လျှင်တော့ ရဲခေါင်သိက္ခာရစရာရှိမည်မဟုတ်တော့။ ဒီအရွယ်ကြီးရောက်မှ စာပြန်သင် နေရသည်ကိုပင် သျှားမှ လွဲ၍ မည်သူ့ကိုမှ မပြောပြရဲသေး။

အားကိုးရသည့် သျှားကတော့ ထိုသို့ပြောထားသည့်နေ့မှစ ရွာထဲ၀င်လျှင် ရွာလယ်ဘက်ခြေပင်မချတော့။

"ကျွန်တော်ရေးတာမှန်တယ်လေ ဆရာလေးကလဲ....ဘာလို့ရိုက်တာလဲဗျ"

"အ....အ.....အ"

ရဲခေါင်စကားအဆုံး ဆရာသေးသေးလေးသည်တစ်ချက်ပြုံးပြကာ နားရွက်လိမ်ဆွဲလိုက်သည်ကြောင့် လက်ထဲမှ ဖောင်တိန်ပစ်ချကာ အမြန် လက်တစ်ဖက်ပေါ်အုပ်ကိုင်ရသည်။

"မှန်တာကျိန်းသေလား..ဟမ် ရဲခေါင်......၃ ခါ ရှိပြီ ၃ ခါ။ အဲ့ဒီ့ conservation နဲ့ conversation ကို ခွဲပြနေတာ ၃ ခါရှိပြီ"

"အာ့....မေ့သွားလို့။ ကျွန်တော်အခုပြင်လိုက်မယ်ဆရာလေး...အား... လွှတ်အုံး။ နားရွက်ပြတ်တော့မယ်"

လွှတ်ပေးလိုက်မှ နားရွက်တစ်ဖက်ဖိပွတ်ပြီး အနည်းငယ်ဆူပုတ်ချင်ချင်မျက်နှာနှင့် ထိုဆင်ဦးစီးကြီးသည်စာပြန်ပြင်နေ၏

"ပြင်....အဲ့ဒီ့လက်ရေးကို။ မင်းစခန်းကဆင်တွေခေါ်ရေးခိုင်းရင်တောင် အဲ့ထက်လှအုံးမယ်"

ကျားကိုးစီးစားမကုန်သည့် ခန္ဓာကိုယ်နှင့်အသက် ၂၂ ကျော် အရွယ်ကောင်လေးသည် အရွယ်နှင့်မလိုက်အောင်ရင့်ကျက်သည်။ သို့သော် စာသင်ချိန်တွင်တော့ တလွဲသိပ်လုပ်တတ်သည်။

ဆင် ဦးကင်းထိပ်တွင်ထိုင်နေသည့် ရဲခေါင်သည် ခန့်ညားသည်။ သို့သော် တလွဲလုပ်၍ ဆူလိုက်ရိုက်လိုက်မိလျှင် ဖြစ်သွားသည့် မကျေမနပ်နှင့်မျက်နှာက ခေါင်းခေါက်ပစ်ချင်စရာကောင်း၏။

Smile Sparkle ShineDonde viven las historias. Descúbrelo ahora