အပိုင်း ၈

11K 912 63
                                    

Unicode

"ရဲခေါင် ဘယ်လဲ "

"ရွာထဲဗျ"

"ကျော့မော့လို့ပါလားဟေ့။ ဒီလိုကျ ဒို့ ဆင်ထိန်းကြီးက ဇာတ်မင်းသားရှုံးသဟေ့"

ယာခင်းထဲမှ လှမ်းစနောက်သည့် သူတွေကို ရဲခေါင်အရှက်ပြေရယ်ပြကာ ရွာထဲခပ်သုတ်သုတ်၀င်ခဲ့ရသည်။ အင်္ကျီလက်ပြတ်နှင့် ဂျင်းဘောင်းဘီကြမ်း ၀တ်ကာ လည်သာ Boots အရှည်ကိုသာ စီးတတ်သည့်ရဲခေါင်ကအကွက်စိပ်ပုဆိုးနဲ့ ရှပ်အင်္ကျီကိုဝတ်၍ ရှိုးအပြည့်ဖြစ်နေသည်ကြောင့် စခန်းထဲမှသူတို့ကလည်းတကြည့်ကြည့်..။ အခုတော့ ရွာသားတွေဝိုင်းစတာပါခံနေရပြီ။ ရဲခေါင် ထိုသို့သပ်သပ်ရပ်ရပ်၀တ်စားသည်က ရှားမှရှားလေ။

ဆင်ဦးစီးကြီး ဆရာလေးအိမ်ဘက် ခြေရှုပ်နေတယ်ဆိုတဲ့စကားကိုတော့ ဘယ်ကောင်ဖွလိုက်သည်မသိ။ ရှေ့တစ်မျိုးကွယ်ရာတစ်မျိုး စနောက်ပြောဆိုနေကြသည်ကိုလည်း မသိချင်ယောင်ဆောင်ရသေးသည်။

စာကျက်ဖို့များပါရင်တော့ တိုးတိုးတိတ်တိတ်ကျက်ရသည်အထိ ရဲခေါင်သတိထားနေရသည်။ စာသင်နေရသည့်အကြောင်းသာ စခန်းထဲကကောင်တွေသိသွားလျှင် ၂၄ နာရီမပြည့်ခင် ရွာ ၇ ရွာလောက်ထိုသတင်းပြန့်သွားပေလိမ့်မည်။ စာကလည်း မကျက်လို့မှ မရဘဲ ....ဆရာသေးသေးလေးက သိပ်လက်သံပြောင်သည်လေ။

ဒီနေ့တော့ ရဲခေါင် စာသင်ရမည့်ရက်မဟုတ်။ ဆရာလေးအခေါ်လွှတ်ထားသည်ကြောင့် လုပ်စရာအလုပ်တွေ ခပ်မြန်မြန်လက်စသတ်ကာ ရွာထဲ၀င်ရခြင်းဖြစ်သည်။

စခန်းထဲကကောင်တွေ ဇာတိပြန်တော့ ရဲခေါင်အတွက်ဆိုပြီး သူတို့အိမ်ကထည့်ပေးလိုက်တဲ့ထဲ အမျှင်သေးသေးလေးတွေပါသည့်ငှက်သိုက်မုန့် ဆိုသည့်ဘူး ထဲမှ ၂ ဘူး ဆွဲထုတ်ခဲ့သည်။

လက်လှည့်ကြိတ်စက်ဖြင့် ရောင်းနေသည့် ဦးဖိုးသာ ကြံရည်ဆိုင်က ကိုယ်တိုင်၀င်လှည့်ကာကြံရည် နှစ်ထုပ်လည်းဆွဲခဲ့သေးသည်။ တစ်ထုပ်ကိုတော့ လမ်းတစ်လျှောက်ကိုယ်တိုင်သောက်လာသည်ကြောင့် တစ်၀က်သာကျန်တော့၏ နောက်တစ်ထုပ်ကတော့ ဆရာလေးအတွက်။

"ရဲခေါင် နှေးတိနှေးကွေးလျှောက်မနေနဲ့ မြန်မြန်လာ"

အိမ်အဝင်ကနေ ခါးထောက်ပြီး လှမ်းအော်နေတဲ့ဆရာလေးက ရဲခေါင်ကိုထွက်စောင့်နေသည်ထင်၏ အနားသို့ ခပ်သွက်သွက်သွားလိုက်သည်။

Smile Sparkle ShineDonde viven las historias. Descúbrelo ahora