အပိုင်း ၁၂

11.4K 936 51
                                    

Unicode

" မှားတဲ့နေရာမရှိပါဘူးဆရာလေးရ.....ကျွန်တော် သုံးခါတောင်ပြန်စစ်.....အား....."

ဖောင်တိန်တစ်ချောင်းနားရွက်ကြားညှပ်ကာ သင်္ချာတစ်ပုဒ်ကို ခေါက်တုန့်ခေါက်ပြန်စစ်နေသည့်ရဲခေါင်က ဘယ်လိုရှာရှာ ဆရာလေးပြောသည့် အမှားကို မတွေ့။ စိတ်သိပ်ရှည်တော့ပုံ မရသည့် ဆရာလေးက ဗိုက်သားကို လိမ်ဆွဲပစ်၏ မထင်ရင်မထင်သလို ဗိုက်ခေါက်တွေလိမ်ဆွဲလိုက် နားရွက်တွေဆွဲလိုက်လုပ်တတ်သည့် ဆရာသေးသေးလေးက လက်မြန်လွန်းသည်။

အားထည့်လိမ်ဆွဲထားသည့်လက်ပေါ်ခပ်ဖွဖွအုပ်ကိုင်ကာ ရဲခေါင် တောင့်ခံရသည်။ သင်္ချာတွက်တဲ့နေ့တိုင်း ရဲခေါင် အဆူမခံရသည့်နေ့မရှိ။ စာတွက်ပြီးရင် ဘယ်တော့မှ ပြန်မစစ်တတ်သည့် ရဲခေါင်အကျင့်ကို ဆရာလေးက မကြိုက်။

ဘယ်လို ပြောပြောစာစစ်ရပျင်းသည့်ရဲခေါင်က ပြန်မစစ်တတ်သည်ကြောင့် ဆရာလေး ဝန်းရံခတစ်ယောက် သွေးတက်ရမြဲ။ အခုလည်း သေချာစစ်ဆိုလို့ သုံးခါလောက်ပြန်စစ်ပြီးပေမယ့် ဆရာလေးမြင်သည့် အမှားကို ရဲခေါင်မတွေ့သေးပါ။

"၇၁ နဲ့ ၃၉ ပေါင်းတာ ဘယ်လောက်ရလဲ"

"၁၀၀ လေ ဆရာလေးရဲ့"

ဆရာလေးက နဖူးကြောတွေကို လက်နှင့် တစ်ချက်နှိပ်သည်။ ရဲခေါင်ကတော့ နည်းမလည်သလို ဆရာလေးကို ကြောင်တောင်တောင်ကြည့်နေ၏ ဒီနေ့ဆေးပေးခန်းပိတ်သည်ကြောင့် ခပ်လှမ်းလှမ်းတွင် စာအုပ်တစ်အုပ်ထိုင်ဖတ်နေသည့် ဆေးမှူးကတော့ ကျိတ်ရယ်နေ၏

"ချတွက်။ မင်း.....စိတ်နဲ့မပေါင်းဘဲ အကြမ်းချတွက်ကြည့်"

မျက်နှာဆူပုပ်နေသည့် ရဲခေါင်က မကျေမနပ်နှင့် ချတွက်တော့သည်။ ထိုအခါမှရလာသည့် အဖြေက သူရေးထားတဲ့အဖြေနဲ့မတူမှန်းသိတော့၏ ရဲခေါင်က သင်္ချာကို သဘောမကျ။ ရဲခေါင်ကို သင်္ချာသင်ရသည့်နေ့က ဝန်းရံခ ကျားမြီးဆွဲရသည့်နေ့ပင်။ ဒီဗလနှင့် ဇနှင့် ဆင်ဦးစီးကြီးက စိတ်ဆိုးတတ်သည်။ သို့သော် ပြောစကားကိုတော့ ဘယ်တော့မှအထွန့်မတက်တတ်။

"အဲ့ဒီ့မျက်နှာက မပြင်သေးဘူးလား"

"ဆရာလေးက ကျွန်တော့်ထက် ဆရာလေးတပည့်တွေကို ပိုအလေးထားတယ်"

Smile Sparkle ShineOnde histórias criam vida. Descubra agora