အပိုင်း ၁၀

10.4K 849 124
                                    

Unicode

" ဒါက စိုက်ခင်းတွေ"

"ဟိုမှာက လူတွေ"

"ဟိုနားကလာနေတာ ခွေး"

"ဒါက ရွာလမ်း"

အရှေ့မှလျှောက်က ခေါင်းဆတ်ပြရင်း ပြောချင်ရာပြောနေသည့် သျှားနောက် ခပ်ဖြူဖြူချောချော မိန်းကလေးတစ်ယောက် မပြေးရုံလိုက်လာသည်။ ထို မိန်းကလေးကတော့ Noon။

*Noon ကို အနီးနားပတ်ဝန်းကျင် ခဏလိုက်ပြလိုက် သျှားဟန်* ဆိုသည့် ဦးမာန်စကားကြောင့် သျှားလိုက်ပြနေရသည်။ သို့သော် စိတ်မပါ။ စိတ်မပါကြောင်းကိုလည်းသျှားက သိသိသာသာရော မသိမသာရောပြနေပေမယ့် ထိုကောင်မလေးကတော့ မသိချင်ယောင်သာဆောင်နေ၏

"ဟေ့...နင်ပြောတဲ့ စိုက်ခင်းတွေ လူတွေ ခွေးတွေက ငါသိတယ်လေ"

"သိလည်း နားထောင်"

"ဟေ့....နေအုံး။ ငါသိချင်တာရှိတယ်"

"ဒီမှာ..........တဟေ့ဟေ့ နဲ့ကဘာလဲ ။ ငါ့နာမည် ထင်သျှားဟန်။ မင်းထက်အသက်ကြီးတယ် အစ်ကိုသျှားလို့ခေါ်"

"ကောင်းပြီ။ ဒီမှာ အစ်ကို သျှား"

"ပြော"

"ငါအရက်သောက်ချင်တယ်"

"ဘာ!!"

ဘယ်နားကကောက်ဆွဲလာမှန်းမသိတဲ့ သစ်ခက်တစ်ခက်ကို ဟိုရမ်းဒီရမ်းနှင့်လုပ်နေသည်ကြောင့် အနားမကပ်ဘဲ ခပ်ဝေးဝေးကရပ်နေသည့် သျှားက Noon ၏စကားကြောင့် မျက်လုံးအပြူးသား။

"ငါက နောက်နှစ်လဆို ဆယ့်ရှစ်နှစ်ပြည့်တော့မှာ။ မပြည့်ခင် အရက်သောက်ချင်တယ်"

"နေစမ်းပါအုံး။ အရက်သောက်တာက ၁၈ နှစ်ပြည့်မှလုပ်ရတာလေ"

"ဆယ့်ရှစ်နှစ်မပြည့်ခင် အရက်သောက်တာဆိုးတဲ့သူတွေလုပ်တာမလား"

"အဟမ်း............ထားပါတော့ အဲ့လိုပဲ"

"အင်း...........ငါဆိုးတဲ့သူ လုပ်ကြည့်ချင်တယ်"

"မင်းအရက်သောက်ဖူးလား"

"ဟင့်အင်း"

"မသောက်ဖူးတဲ့သူကို ငါကတိုက်ပြီးရင် မင်းမူးလာတဲ့အခါ ဖြစ်လာတဲ့ပြသနာကို ငါတာဝန်ယူရမှာ။ ဦးမာန်စိတ်ဆိုးရင် ငါပဲခံရမှာ။ ရူးနေလို့ ငါကနင့်ကို အရက်တိုက်ရမှာလား"

Smile Sparkle ShineDonde viven las historias. Descúbrelo ahora