Unicode
"ဖေဖေ……"
"ဗျ……"
သားကိုထမင်းခူးကျွေးဖို့ပြင်နေတုန်းအနားရောက်လာတဲ့သားကြောင့် ပြုံးကာအလိုက်သင့်ပြန်ထူးမိပေမယ့်သားဆီကိုတော့အကြည့်မရောက်မိသေး။ မှိုင်းညှို့အနားကိုတိုးကပ်လာတဲ့သားက မဝံ့မရဲလေးမို့သားကိုတစ်ချက်ကြည့်ကာမေးအသာဆတ်ပြမိတော့ သားကခေါင်းငုံ့ထားဆဲ။
"ဘာဖြစ်လို့လဲသား……"
"ဟို…ဟိုလေ……"
ထစ်ငေါ့ထစ်ကေါ့လေးနှင့်မျက်နှာငယ်လေးလုပ်ကာငေးကြည့်နေတဲ့သားကိုစိတ်ပူမိပေမယ့်လို့ ဘာဆိုတာတကယ်ပဲခန့်မှန်းလို့မရတာတော့အမှန်။
ဟူး……ဒီအချိန်မှာမြတ်သဝဏ်သာရှိနေရင်သေချာပေါက်သိမှာပဲ……။မြတ်သဝဏ်ကငယ်ငယ်ကတည်းကသားကိုအရိပ်တကြည့်ကြည့်နေလာခဲ့တဲ့သူမဟုတ်လား။ သားမျက်နှာမကောင်းရင်သူကပဲအရင်သိပြီးမှိုင်းညှို့ကိုလာလာပြောနေကျ။ ပြီးတော့ဖအေအရင်းဖြစ်တဲ့မှိုင်းညှို့ထက်တောင်သူကသားရဲ့စိတ်ကိုပိုခန့်မှန်းတတ်သေးတာမျိုး။
"သား…သားသားဒယ်ဒီ့အကြောင်းမေးချင်လို့……"
စကားဆုံးသည်နှင့်ခေါင်းလေးငုံ့သွားပြန်တဲ့သားကသူ့ကိုဆူမှာကြောက်နေသည့်ပုံပင်။ ဟုတ်တော့လည်းဟုတ်ပါရဲ့……ဒီပတောအတွင်းမြတ်သဝဏ်အကြောင်းပြောမိတိုင်းသားကိုဆူခဲ့မိသည်ပဲ……။
"မေးလေသားသားရဲ့……"
သားရဲ့ဆံပင်လေးတွေကိုခပ်ဖွဖွဖိသပ်ပေးရင်းပြောလိုက်မိတော့သားကအံ့သြသလိုငေးကြည့်လာတယ်။
"သားသားလေ ဒီနေ့ဒယ်ဒီနဲ့တူတဲ့ကိုကို့ကိုတွေ့ခဲ့တယ်……"
"ဟော……ဒါဆိုဦးဦးကိုတွေ့ခဲ့တာလား…ဘယ်မှာတွေ့ခဲ့တာလဲသားရဲ့……"
"ဟုတ်ဘူး……သားသားပြောတာက ဟိုလိုမျိုးတူတာမဟုတ်ဘူး…ဒယ်ဒီဂရုစိုက်ပေးတာမျိုးနဲ့တူတယ်ပြောတာ……"
မှိုင်းညှို့မှာတော့သားရဲ့စကားသံကိုကြားတစ်ချက်မကြားတစ်ချက်။ လက်ထဲကဖုန်းကိုသာတွေတွေလေးငေးရင်း စိတ်အာရုံတွေကလည်းပျံ့နှံ့နေမိတယ်။
ဖုန်းscreenမှာပေါ်နေတဲ့messageတစ်ကြောင်းကဒီလောက်အထိစိတ်ဒုက္ခရောက်စေမှန်းမသိခဲ့တာအမှန်ပါ။
![](https://img.wattpad.com/cover/340512774-288-k586513.jpg)
YOU ARE READING
Second life ( အချို့သောချစ်ခြင်းတို့သည် )
De TodoHydrangeaတွေနဲ့အတူ အမြဲနောင်တရနေလိုက်ပါအစ်ကို။ နောင်တတရားတွေ အားနာစိတ်တွေနဲ့နာနာကျင်ကျင်ရှင်သန်နေလိုက်ပေါ့။