Unicode
မနေ့ကတည်းကbossကိုလာကြိုဖို့ပြောထားတဲ့ဒေါက်တာပွစိကြောင့် မနက်စောစောထကာအလုပ်နဲ့ဆန့်ကျင်ဘက်နေရာမှာနေသည့်bossရဲ့အိမ်ကိုတသီးတသန့်သွားကြိုရသည်။
တကယ်ဆိုဒါကတမင်သက်သက်ပိုကိုပိုတာ။ bossက ကလေးမဟုတ်တာလည်းဒေါက်တာပွစိအသိဆုံး။ ပြီးတော့ကားမောင်းတဲ့နေရာမှာလည်းတော်လိုက်တာမှပြောမနေနဲ့။ မြန်မာနိုင်ငံကလမ်းမှမဟုတ်ဘူး အင်္ဂလန်မှာတောင်မွှတ်နေအောင်မောင်းတတ်တာ။
ပြိုင်ကားမောင်းတဲ့နေရာမှာလည်းNo 1 ချန်ပီယံဆုတောင်ရထားလိုက်သေး။
ဒါကိုများ………။"ရောက်လာပြီလား ထူးထက်စေ……"
ကားပေါ်ကဆင်းကာအိမ်ထဲကိုခြေလှမ်းလှမ်းကာစပဲရှိသေး ရုတ်တရက်ကြားလိုက်ရတဲ့အသံကြောင့်ခြေလှမ်းတွေပင်တုံ့ခနဲ။ bossနဲ့အတူရှိနေကျမျက်နှာထားနဲ့ဆန့်ကျင်ဘက်ဖြစ်သည့်နဂိုမူလမျက်နှာထားတည်တည်ကိုမှပိုပြီးတည်ထားသေးတဲ့အပြင်လေးထောင့်မကျတကျမျက်မှန်ကိုလက်ညှိုးနှင့်ပင့်တင်လိုက်သေးတဲ့ပုံကိုကတကယ့်ကိုကြက်သီးထစရာကောင်းသည်။
"ကဲ…ဆိုပါအုံး……မနေ့ကအကြောင်းလေး……"
"ဘာ…ဘာကိုလဲဗျ……"
လူကိုစူးစိုက်ကြည့်ပြီးမေးလာတာကြောင့်စကားတွေပင်ထစ်သွားရသည်။
သြော်…ငါ့မလည်းကိုယ့်လင်ကိုယ်မကြောက်ရသေးခင်ဘယ်သူ့လင်ပါအစစ်လာကြောက်နေရသေးတာလဲမသိဘူး……။"ကောင်လေးကဘာဖြစ်လို့အဲ့ဒီ့လောက်အထိအရက်တွေသောက်လာရတာလဲ……"
"အဲ့ဒါတော့ကျွန်တော်လည်းမသိ………"
"မင်းကဘာကိစ္စမသိရတာလဲ…ကောင်လေးအနားမှာအမြဲရှိနေပြီးဒါလေးတောင်မသိဘူးလား……"
ဒေါက်တာ့စကားကြောင့်ထူးထက်စေမှာမျက်နှာကြီးရှုံ့မဲ့ကာပြန်ပဲပြောရမလိုလို ၊ ငြိမ်ပဲငြိမ်နေရတော့မလိုလိုပင်။ အကယ်၍ဒေါက်တာကိုပြန်ပြောပြန်ရင်လည်းbossကတစ်စက်လေးမှမကြိုက်။ ' ဒေါက်တာကစိတ်ပူလို့မေးတာလေ…မင်းသိသလောက်ဖြေပေးလိုက်ပေါ့ ' ဆိုတာချည်း။
ဖြေပေးဖို့ကလည်းသူ့ဒေါက်တာကမေးလိုက်ရင်ကပ်သီးကပ်သတ်တွေဆိုတာ recordယူပြီးကိုပြန်ပြောပြလိုက်ချင်တယ်။
![](https://img.wattpad.com/cover/340512774-288-k586513.jpg)
YOU ARE READING
Second life ( အချို့သောချစ်ခြင်းတို့သည် )
DiversosHydrangeaတွေနဲ့အတူ အမြဲနောင်တရနေလိုက်ပါအစ်ကို။ နောင်တတရားတွေ အားနာစိတ်တွေနဲ့နာနာကျင်ကျင်ရှင်သန်နေလိုက်ပေါ့။