EP - 45

1.6K 128 10
                                    

Unicode


ကြည်လင်နေတဲ့ကောင်းကင်ပြာရယ် ၊ ပြေးလွှားဆော့ကစားနေတဲ့ကလေးတွေရယ် ၊ စိမ်းလဲ့နေတဲ့မြက်ခင်းစိမ်းတစ်ခုရယ်။ ထို့နောက်ခုံတန်းရှည်ပေါ်မှာထိုင်နေတဲ့ကောင်လေးနှစ်ယောက်ရယ်။


" ပါးစပ်ကိုသေချာဟလေကွာ ပေကုန်ပြီ "


ပြောပြောဆိုဆိုနှင့်ပင်ဂျူတီကုတ်အဖြူရောင်ဝတ်ထားသည့်ဆရာဝန်လေးကဘေးကတစ်သျှူးဗူးထဲကနေတစ်သျှူးတစ်ရွပ်ယူကာနှုတ်ခမ်းကိုခပ်ဖြေးဖြေးသုတ်ပေးလာသည်။ သူ့ရှေ့မှာထိုင်နေတဲ့ကေယင်လေးကတော့တစ်နေရာတည်းကိုသာစူးစိုက်‌ကြည့်နေပေမယ့်မျက်ဝန်းတွေကပျော်ရွှင်မှုကိုဖော်ဆောင်နေပြန်တယ်။


"ကိုကို ကျွန်တော်ဗိုက်ပြည့်ပြီ......"


"ဘာကိုဗိုက်ပြည့်တာလဲ ဟမ်...ကိုယ့်ကိုကိုယ်လည်းကြည့်အုံးလူကပိန်ကျသွားလိုက်တာများ ‌စားဆိုစား......"


လင်းလက်စိတ်မရှည်တာကြောင့်လေသံခပ်မာမာနှင့်ပြောကာထမင်းနောက်တစ်ဇွန်းခပ်ကာပါးစပ်အတင်းထိုးထည့်ကျွေးလိုက်မိပေမယ့်ထူးထက်စေကစိတ်ဆိုးဟန်မရဘဲပြုံးတောင်ပြုံးပြနေသေးပြန်သည်။
ဒီကောင်တကယ်မျက်နှာရူး......။


"ရေသောက်မလား......"


" ဟုတ်......"


နာခံတဲ့ကလေးလေးတစ်ယောက်လိုကမ်းပေးထားသည့်ရေခွက်ကိုမမြင်မစမ်းဖြင့်လှမ်းယူသောက်ရှာတဲ့ချာတိတ်။ ဒီကောင်လေးကကိုယ့်အတွက်ဆိုအနစ်နာခံလွန်းသလို ၊ ကိုယ့်စကားဆိုလည်းတစ်သဝေမတိမ်းလိုက်နာပြန်တယ်။ တစ်ပတ်ဆိုတဲ့အချိန်ကာလမှာအမြင်အာရုံလုံးဝဆုံးရှုံးလိုက်ရတဲ့ကောင်လေးကြောင့်ကုသချိန်ကပိုကြာသွားခဲ့သည်။ ဒါ့အပြင်စိတ်ထောင်းကိုယ်ကျေဖြစ်တာကြောင့်ထင် ၊ သိသိသာသာပိန်ကျသွားလိုက်တာများဆိုတာလေ။


" ဟတ်ချိုး!......"


ရုတ်တရက်ကြားလိုက်ရတဲ့အသံကြောင့်သတိပြန်ကပ်မိတော့ထိုင်ခုံလက်ရန်းကိုကိုင်ကာတစ်နေရာရာသွားဖို့ကြိုးစားနေတဲ့ချာတိတ်။ ကိုယ့်ကိုတစ်ချက်တောင်အသိမပေးဘဲလုပ်ချင်ရာလုပ်နေတဲ့ကောင်လေးရဲ့လက်မောင်းကိုအမြန်တွဲချိတ်လိုက်ပစ်လိုက်တော့မှကြောက်အမ်းအမ်းပုံစံလေးနှင့်လူကိုပြန်ငဲ့စောင်းကြည့်လာသည်။
ဒီကောင်လေးထုထည့်လိုက်ရနာတော့မယ်......။


Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now