Part 7

153 12 4
                                    

Flash back........

ShinHwa High Schoolဆိုသည့် ဆိုင်းဘုတ်ကြီးကဝင့်ထည်စွာဖြင့် ကျောင်းသားကျောင်းသူများကိုကြိုဆိုနေသည်။
ကျောင်းရဲ့အဝင်ဝနားလွယ်အိတ်လေးလွယ်ကာ မလာသေးတဲ့သူငယ်ချင်းနှစ်ယောက်ကိုစောင့်နေတဲ့ အလယ်တန်းနောက်ဆုံးနှစ်ကျောင်းသားလေး ParK JiMinလေးက ပါးစပ်ကလဲပွစိပွစိပြောနေကာ နောက်ကျနေတဲ့သူငယ်ချင်းတွေကိုစိတ်တိုနေသည်။

"ဒီလောက်ဖုန်းဆက်ပြီး စောစောလာပါပြောထားလဲ ခုထိရောက်မလာကြသေးဘူး "
ထိုစဥ်အနားကိုရောက်လာတဲ့ ကောင်မလေးက

"MoChi..စောင့်နေတာကြာပြီလား"JiMinလှည့်ကြည့်လိုက်တော့ သူငယ်ချင်းမလေး Min YoonMi...

"ကြာပြီပေါ့ ၈နာရီလောက်လာပါဆိုတာကို အခုကြည့်..၈နာရီခွဲတော့မယ် ငါကနင်တို့နဲ့အတူကန်တင်းမှာ မနက်စာစားမို့ပါဆို"-JiMimn

''အေးပါဟာ sorry sorry "-YoonMi

''ဟွန့်''-JiMin

''"TaeTaeရော မရောက်သေးဘူးလား"-YoonMi

''မရောက်သေးဘူး ဟော..ဟိုမှာလာပါပြီ ပြောရင်းဆိုရင်းနဲ့"-JiMin
ကားပေါ်ကနေ တလှုပ်လှုပ်ဆင်းလာလေတဲ့ အနည်းငယ်ပြည့်ဖောင်းဖောင်းကောင်လေးတစ်ယောက်

"ဟီး..ဟီး MoChi ''TaeHyung သူငယ်ချင်းအားမျက်နှာချိုသွေးကာ သူ့ရဲ့မူပိုင်အပြုံးလှလှလေးဖြင့်ပြုံးပြလိုက်သည်။

"ဘာလဲ နောက်ကျလိုက်တာ TaeTaeရယ်
မှန်မှန်ပြော မင်းအိပ်ရာမနိုးဘူးမလား"-JiMin

"မင်းလဲသိနေတာပဲကို''-TaeHyung

"ကဲပါ.. ငါတို့တွေကန်တင်းသွားရအောင်လေ
MoChiနင်ပဲ မနက်စာအတူတူစားမယ်ဆို"-YoonMi

''ဒါဆိုလဲသွားကြမယ်လေ ''ဆိုကာ ကျောင်းဝန်းထဲသုံးယောက်သားဝင်လာကြကာ ကန်တင်းဆီဦးတည်လိုက်သည်။
သူတို့သူငယ်ချင်းသုံးယောက်မှာ TaeHyung က Kim NamJoomဆိုသည့်အကိုတစ်ယောက်ရှိသည်။
JiMinကတစ်ဦးတည်းသောသားဖြစ်တဲ့အလျောက် အဖော်မက်သည်။
YoonMi ကတော့ Min YoonGiဆိုသည့်အကိုတစ်ယောက်ရှိသည်။
TaeHyung ရဲ့အစ်ကိုနဲ့ YoonMi ရဲ့အစ်ကိုကလဲ လည်ပင်းဖက်ပေါင်းကြတဲ့ ငယ်ပေါင်းသူငယ်ချင်းတွေဖြစ်ကြပြန်သည်။

You're the one who changed meWhere stories live. Discover now