Part 16

145 14 0
                                    

အားလုံးမနက်စာစားပြီးကြတော့ TaeHyungတို့သုံးယောက်မှာ ကိုယ်လုပ်ထားတဲ့အမှိုက်တွေကိုရှင်းရပြန်သည်။
ပြီးလို့ ဆိုဖာမှာထိုင်ရုံရှိသေး ဖုန်းကိုထိုးပေးကာ စကားစလာတဲ့NamJoon Hyung

"ရော့ Taeလေး အဲ့မှာကြည့်ကြည့်"
TaeHyung အကိုဖြစ်သူဆီကဖုန်းကိုလှမ်းယူကာကြည့်တော့ ဘေးကစပ်စုစိန်နှစ်ကောင်ကပါ
ဘာများလဲသိချင်တယ်ထင်ပါ့ အနားကပ်လာကာ phone screen ကိုကြည့်လာသည်။
မြင်လိုက်ရတဲ့အရာက အရက်ဒဏ်ကြောင့်ခေါင်းနောက်နေတဲ့သူတို့သုံးယောက်လုံးကို အမူးပြေသွားစေသည်အထိဖြစ်စေကာ မျက်လုံးတွေပင်ပြူးကုန်သည်။
အဲ့အရာက .....

[Model Kim Vနဲ့Jeon Group CEO Jeon JungKookတို့ တိတ်တဆိတ်တွေ့ဆုံခြင်း]ဆိုသည့်ခေါင်းစဥ်နဲ့ TaeHyung နဲ့JungKookတို့မနေ့ညနေလောက်က JungKookနဲ့အတူCondo ဆီပါသွားတဲ့ပုံတွေဖြစ်နေသည်။
ပြီးတော့ ဆက်ရေးထားသေးသည်က

[တကယ်ပဲ Model Vနဲ့Jeon Group CEO ကSilentတွဲနေကြတာလား ဒါမှမဟုတ် အလုပ်သဘောအရတွေ့ဆုံမှုလား]
ထိုသတင်းရဲ့အောက်ကဝင်mentကြတဲ့ commentတွေထဲကတစ်ခုကို ပို့စ်ပိုင်ရှင်က pinထိုးပြထားသည်။
ထိုcommentကို mentထားသူက Jeon Group CEO;Jeon JungKookကိုယ်တိုင်ဖြစ်ကာ ရေးထားတာကတော့ ''ဟုတ်ပါတယ် ''ဟု...
စကားလုံးလေးသုံးလုံးလောက်ပါပဲ... ဒါပေမဲ့ ဘာကိုဟုတ်တယ်ပြောတာမှန်းမသိတာမို့ အကုန်လုံးက သို့လော သို့လော တွေဖြစ်ကုန်သည်။
ကိုယ်ထင်တာတွေပြောပြီး ဝင်ရေးကြတဲ့mentတွေလဲမနည်းပါ။

TaeHyung Miလေးကိုကြည့်မိတော့ သူလဲ ကိုယ့်လိုပဲအံ့အားသင့်နေဟန်ရှိနေသည်။
တစ်ဖန် MoChiဘက်လှည့်ကြည့်ပြန်တော့ သကောင့်သားက ဆိုဖာနောက်မှီကိုမှီထိုင်လို့မျကလုံးမှိတ်ထားကာ သူ့ညီမကိုစောင့်နေတဲ့ သူ့crush YoonGi Hyungကိုသာငေးနေသည်။
တော်တော်အားကိုးရတဲ့ မန်နေဂျာကြီးပဲ...

TaeHyungကိုကြီးကိုကြည့်လိုက်တော့ ရှင်းပါအုံးဆိုတဲ့အထာနဲ့ မေးဆတ်ပြလာသည်။

''ဟို..ဘာမှမဟုတ်ပါဘူး ကိုကြီးရဲ့ မနေ့ကညနေပိုင်းလောက်ကအလုပ်အကြောင်းပြောချင်တယ်ဆိုလို့တွေ့ကြတာပါ"

''အလုပ်အကြောင်းက ရုံးမှာပြောလို့မရလို့အိမ်ထိလိုက်သွားရတာလား ထယ်လေး"

You're the one who changed meWhere stories live. Discover now