ထမင်းစားကျောင်းပြန်တက်တော့ JungKookတို့တွေမှာ ချွေးသံတရွှဲရွှဲနဲ့ အတန်းထဲပြန်ဝင်လာလိုက်ကြပြီး နေရာမှာ ပြန်ထိုင်ရင်း အမောဖြေနေလိုက်သည်။
''JungKook..''အနောက်က ခေါ်သံကြောင့်လှည့်ကြည့်မိတော့ စာအုပ်လေးထိုးပေးလာတဲ့ ဟိုဝတုတ်ကောင် Kim Taehyung
"အင့်..ငါရေးပြီးသွားပြီ"
''အော...ကျေးဇူး "JungKook စာအုပ်ပြန်ယူရင်းပြောလိုက်တော့ ထိုဝတုတ်က 'မလိုပါဘူး 'လို့လေသံလေးဖြင့်ပြောလာသည်။
JungKook အရှေ့ပြန်လှည့်ကာ စာအုပ်ဖွင့်ကြည့်တော့ ရေးရမယ့်စာတွေအကုန်လုံးပြီးနေသည့်အပြင် ရေးထားပေးတာကလဲ သပ်သပ်ရပ်ရပ်နဲ့ပင်။TaeHyung စာတွေအကုန်လုံးကို Jeonညနေအမှီထပ်နိုင်အောင် နေ့လည်စာထမင်းမပြောနဲ့ MoChiနဲ့Miလေးတို့ဝယ်လာပေးတဲ့ strawberry milkနဲ့ပေါင်မုန့်ကိုပင်မစားနိုင်ဘဲ အမြန်ရေးပေးခဲ့ရသည်။
ထိုကဲ့သို့ ဗိုက်အဆာခံကာ ကူညီပေးလိုက်တဲ့အကျိုးကြောင့် Jeonဆီက ကျေးဇူး ဆိုတဲ့စကားတစ်ခွန်းသာပြန်ရခဲ့ပေမဲ့ ပျော်ပါတယ် ။
......................................................................
TaeHyung နဲ့JungKookဆက်ဆံရေးကစာကူရေးပေးရာကစလို့ အရင်ကထက်ပိုပြီးရင်းနှီးသလိုလိုရှိလာသည်။
တခါတလေ JungKookက TaeHyung အား မျက်တောင်မခတ်စတမ်း ပြုံးပြုံးကြီးနဲ့စိုက်ကြည့်တတ်သည်။
ထိုသို့စိုက်ကြည့်လေတိုင်း Kim Taehyung လေးခမျာ ခြေဖျားလက်ဖျားတွေအေးလာကာ ရင်တွေအခုန်လွန်ခဲ့ရပြန်သည်။JungKookနဲ့TaeHyungတို့ရဲ့ဆက်ဆံရေးကို အများကဘာမှမပြောကြသော်လည်း မကျေမနပ်ဖြစ်နေတဲ့သူတစ်ယောက်ရှိနေသည်။
TaeHyungမနက် ကျောင်းအစောရောက်လာတော့ MoChiတို့ကမရောက်ကြသေး။
တစ်ယောက်တည်းကိုယ့်နေရာကိုယ်ထိုင်နေလိုက်ရင်း စာကြည့်နေလိုက်သည်။
ထိုစဥ်ဘေးနားလာရပ်တဲ့ ခြေတစ်စုံကြောင့် TaeHyungမော့ကြည့်မိလိုက်တော့ Go SooInဆိုသည့်မိန်းကလေး...
သူမကJeonနဲ့အတော်ခင်တဲ့သူဖြစ်သည့်အပြင် မိဘချင်းပါအရမ်းရင်းနှီးသည်ဟုကြားဖူးသည်။"TaeHyung...''
''အင်း..ဘာကိစ္စရှိလို့လဲ "
''ဘာရယ်မဟုတ်ပါဘူး နင့်ကိုမေးစရာလေးရှိနေလို့"
YOU ARE READING
You're the one who changed me
FanficJust my imagination.So,don't blame my idols. (Burmese not english)