*Bell Ringing*
''ကဲ ကျောင်းဆင်းလို့ရပါပြီနော် "ဟုTeacherကဆိုလာလျှင် အတန်းသားအားလုံး ဆရာမကိုနှုတ်ဆက်ကာ စာအုပ်တွေသိမ်းလို့အိမ်ပြန်ရန်ပြင်ကြသည်။"TaeTae နဲ့MoChi..ငါပြန်ပြီနော်"-YoonMi
''အေး အေး"JiMin Miလေးကိုပြန်နှုတ်ဆက်လိုက်ပေမဲ့ TaeHyungမှာတော့ ပစ္စည်းပျောက်ရှာပုံတော်ဖွင့်နေရသည်မို့ပြန်မနှုတ်ဆက်နိုင်အား။
''ဟေ့..TaeTae ပြန်ကြမယ်လေ ကုန်းကုန်းကွကွနဲ့ဘာတွေလုပ်နေတာတုန်း? ဟင်....ဘာပျောက်လို့လဲ"JiMin မိမိဘေးက သူငယ်ချင်းလေးမှာ ခုံအောက်ကုန်းရှာလိုက်၊ လွယ်အိတ်ထဲတွေမွှေလိုက်လုပ်နေတာမို့မေးမိခြင်း။
ညနေကျောင်းကလဲဆင်းနေပြီဖြစ်ကာ ကျန်တဲ့အတန်းဖော်တွေလဲအခန်းထဲကနေထွက်သွားကြပြီမို့ JiMinတို့နှစ်ယောက်သာကျန်တော့သည်။"ငါ့ Diary စာအုပ်ပျောက်နေလို့"
''ဘာလဲ မင်းစာ ထုတ်ထုတ် ရေးနေတဲ့Diaryစာအုပ်လား"
''အေးဟုတ်တယ် ရူးတော့မှာပဲ ...
အဲ့စာအုပ် ဆရာမလက်ထဲရောက်သွားပြီးဖတ်ကြည့်လိုက်ရင်ဘယ်လိုလုပ်မလဲ?
အဆိုးဆုံးက Jeon..Jeonလက်ထဲရောက်သွားခဲ့ရင်....အားရှ် ငါတော့သေတော့မှာပဲ "''လွယ်အိတ်ထဲရော သေချာကြည့်ပြီးပြီလား"
''အင်း ကြည့်ပြီးပြီ မတွေ့ဘူး ခုံအောက်ထဲလဲရှာတယ် မရှိဘူး "
''ဒီနေ့ မင်းအဲ့Diaryစာအုပ်ကိုလွယ်အိတ်ထဲကထုတ်တာငါမတွေ့မိပါဘူး အိမ်မှာကျန်ခဲ့တာရောမဖြစ်နိုင်ဘူးလား"
''အေးနော်... မင်းပြောသလိုများဖြစ်နေမလားပဲ"
''အိမ်ပြန်ရောက်ရင် မင်းသေချာရှာကြည့်လိုက်အုံး ကဲပါ..လာ ပြန်ရအောင် ငါတို့ပဲကျန်တော့တာ တော်ကြာ တံခါးပိတ်သွားမှဖြင့် ငါတို့ဒီမှာပဲညအိပ်နေရလိမ့်မယ်"TaeHyung လဲ JiMinကိုခေါင်းငြှိမ့်ပြလိုက်ပြီး နှစ်ယောက်သားအတန်းထဲကနေထွက်လာလိုက်သည်။
ကျောင်းဝန်းရှေ့ရောက်တော့ ကြိုရောက်နှင့်နေတဲ့ ကားတွေအပေါ် ကိုယျစိီတကျလိုကျကာ အိမ်ပြန်လိုက်ကြတော့သည်။
TaeHyung အိမ်ရောက်တာနဲ့ အပေါ်ထပ်အခန်းဆီအမြန်ပြေးတက်သွားလိုက်ပြီး စာကြည့်စားပွဲနဲ့ စာအုပ်စင်မှာ Diary စာအုပ်လေးကိုသာအရင်ဆုံးမွှေနှောက်ရှာဖြစ်သည်။
ဘယ်လိုပဲနှံ့အောင်ရှာရှာ..လုံးဝကိုမတွေ့တာမို့ TaeHyung ခေါင်းတွေပူထူလာကာ လူကငိုချင်စိတ်ပင်ပေါက်လာရသည်။အဲ့စာအုပ်ထဲမှာပါတဲ့အကြောင်းအရာတွေက...
*Bell Ringing*
ကျောင်းဝန်းရှေ့ရောက်တော့ ကြိုရောက်နှင့်နေတဲ့ ကားတွေအပေါ် ကိုယစြီတကလြိုကကြာ အိမ်ပြန်လိုက်ကြတော့သည်။
YOU ARE READING
You're the one who changed me
FanfictionJust my imagination.So,don't blame my idols. (Burmese not english)