Part 10

148 14 0
                                    

JungKookနဲ့Eunwooတို့ဘောလုံးကွင်းထဲဆင်းလာလိုက်ကြပြီး ဘေးနေရာမှာရပ်စောင့်နေလိုက်သည် အရန်လူအနေနဲ့လူလဲတဲ့အခါဝင်ကန်ကြဖို့ပေါ့ အခုတော့ ကန်နေတဲ့ကိုယ့်အခန်းဖော်တွေကိုသာအားပေးနေဖြစ်သည်။
ထိုစဥ်Eunwoo အတွေးတစ်ခုကြောင့် JungKookကိုစကားစဖြစ်သည်။

"JK...''

''အေး ပြော ဘာလဲ "

''မင်းဘာလို့လုပ်ခိုင်းရတာလဲ?''

''ဘာကို..ဪ ဟိုဝတုတ်ကိုစာရေးခိုင်းတာကိုပြောတာလား"

''အေး ဟုတ်တယ် ငါတောင်ကျောင်းရောက်ကတည်းကစရေးပြီး တခြားဘာသာရပ်အချိန်တွေခိုးရေးတာတောင်မပြီးတဲ့အိမ်စာကို သူက၄၅မိနစ်လောက်လေးနဲ့ပြီးနိုင်ပါ့မလား "

''မသိဘူးလေ ဒါကသူ့ဘာသာသူ ရေးပေးမယ်ပြောလာတာကို ငါအတင်းရေးခိုင်းတာမှမဟုတ်တာ"

''မင်းကိုသူကတကယ်ကြီးသဘောကျနေတာနေမှာ အခုပဲကြည့်လေ သူ့ခမျာဘာမှတောင်မစားဘဲရေးပေးနေရှာတာ"
JungKook သူတို့အတန်းထဲကိုလည်ပြန်လှည့်ကြည့်လိုက်သည်။
သူတို့အခန်းကအောက်ထပ်မှာဖြစ်ကာ ဘောလုံးကွင်းနဲ့ဆို ကော်ရစ်ဒါလေးသာခြားတာမို့ အခန်းထဲကို တန်းမြင်ရသည်။
EunWooပြောသလိုပဲ တကယ်ကိုသူ့အိမ်စာတွေကိုကြိုးစားရေးပေးနေတာ။

"အဟက်!..သူ့ဘာသာသူငါ့ကိုတကယ်ပဲကြိုက်ကြိုက်၊မကြိုက်ကြိုက် ငါကတော့စိတ်ကိုမဝင်စားတာ ဒါပေမဲ့...ကစားလို့ကောင်းမဲ့ပုံလေးပဲ"

''ဟေ့ရောင်.. မင်းပေါက်ကရတွေလျှောက်မလုပ်ပါနဲ့ကွာ သူကရိုးတယ်ဟ "Eunwooထိုသို့ပြောလေတော့ ပုခုံးတွန့်ပြတဲ့JungKook...
သဘောက I don't know လို့ပြောချင်တာ။
ကြားထဲက EunWooမှာ Kim Taehyung အတွက် ရင်လေးမိသည်။
TaeHyungက JungKookကိုတကယ်ချစ်တာမှန်းသူသဘောပေါက်သည်။
ဘာလို့ဆိုKim TaeHyungက ငယ်ငယ်လေးကတည်းက အနေအေးတဲ့သူ၊သူ့သူငယ်ချင်းနှစ်ယောက်နဲ့ကလွဲပြီးကျန်တဲ့အခန်းဖော်တွေနဲ့့ဆို မေးထူးခေါ်ပြောအဆင့်လောက်လေးသာရှိသူ။သူတို့တွေအလယ်တန်းပထမနှစ်လောက်ကတည်းက JungKookကိုခိုးခိုးကြည့်နေတတ်တဲ့TaeHyungကိုသတိထားမိခဲ့တာ။
အစကတော့ ဒီတိုင်းဟိုကြည့်ဒီကြည့်ကြည့်ရင်းနဲ့ကြည့်မိတာလို့ပဲထင်ခဲ့ကြတာ နောက်မှ JungKookကိုကြိုက်နေမှန်းသေချာသိခဲ့ရတာဖြစ်သည်။

You're the one who changed meWhere stories live. Discover now