Part 8

129 12 0
                                    

TaeHyungတို့တွေ မုန့်စားပြီးတော့ အတန်းထဲဝင်လာလိုက်ကြသည်။
သူတို့ဒီနေ့ထိုင်ရမဲ့နေရာက middle rollဖြစ်ကာ အရှေ့ကရေရင် သုံးတန်းမြောက်ဖြစ်သည်။
Roll သုံးခုလုံးရဲ့ အရှေ့ဆုံးနှစ်တန်းက မျက်မှန်သမားတွေရယ် စာလိုက်မလုပ်တဲ့ကျောင်းသားတွေကို ဆရာမကနေရာချထားတာဖြစ်ကာ ကျန်တဲ့အတန်းတွေကနေ့တိုင်း rorateလှည့်ရပေမဲ့ ထိုအတန်းနှစ်တန်းကတော့ ပုံသေထားတာဖြစ်သည်။

TaeHyungနေရာမှာ ဝင်ထိုင်လိုက်ကာ ကိုယ့်အရှေ့တန်းကခုံဆီအကြည့်ရောက်မိတော့ ရင်းနှီးနေတဲ့ လွယ်အိတ်ကြောင့် ရင်ထဲဒိန်းကနဲ။
သူဒီလွယ်အိတ်ပိုင်ရှင်ကိုကောင်းကောင်းသိသည်လေ ထိုသူက...

သူ့အတွေးမဆုံးခင် ထိုလွယ်အိတ်ပိုင်ရှင်က အတန်းထဲဝင်လာကာ သူ့နေရာသူဝင်ထိုင်သည့်အခါ TaeHyung ရင်အခုန်လွန်လို့ ခြေတွေလက်တွေပင်အေးလာရသည်။
ဘုရားရေ...သူအခု Jeonနောက်မှာထိုင်နေရပါလား
အာ..သူမေ့သွားတာပဲ အလယ်roll ဒုတိယတန်း ညာဘက်ခုံက Jeon JungKookရဲ့မူပိုင်နေရာဆိုတာ....

TaeHyung တို့နောက်ကပ်လျက်ခုံက YoonMiက ကျောကိုတို့တာမို့ လှည့်ကြည့်တော့

"crushကြီးနဲ့ရှေ့ဆင့်နောက်ဆင့်ထိုင်ရတော့ ဘယ်လိုနေလဲ?''-YoonMiကမျက်စပစ်ပြကာ ပြုံးစိစိနဲ့ပြောလာလေလျှင် TaeHyungဘာမှပြန်မပြောရသေးခင် ဘေးကJiMinကပါ နောက်လှည့်လာပြီး

"နင်ကလဲ..ဘယ်ပြောကောင်းမလဲ ကြနေပျပိီတိ ဂွမ်းဆီထိနေတော့မပေါ့ဟ..ဟားဟားဟား "-JiMin

"ရား Park JiMin!''-JiMinပြောတာက အသံကျယ်နေတာမို့ TaeHyungမှာလှမ်းဟန့်ရသည်။
Jeonကြားသွားရင် ပြဿနာမဟုတ်ပါလား။
TaeHyung ဟန့်လိုက်တော့ ဇက်ကလေးပုကာ လျှာတစ်လစ်လေးလုပ်ပြနေတဲ့ MoChiက မျက်နှာအဖြီးသားဖြင့် အရှေ့ပြန်လှည့်သွားကာ ပထမဦးဆုံးသင်ရမယ့်ဘာသာရပ်စာအုပ်ကိုထုတ်နေသည်။
TaeHyung လဲ ဘာမှဆက်မပြောတော့ဘဲ စာအုပ်ထုတ်ကာ စာပြန်ကြည့်နေလိုက်သည်။
သူတို့သူငယ်ချင်းသုံးယောက်လုံးက စာတော်တဲ့စာရင်းထဲပါသည်မို့ ဘာသာရပ်ခေါင်းဆောင်အဖြစ်လဲ ဆရာမကခန့်အပ်ထားသေးသည်။
အဲ့တော့ ကိုယ့်ဘက်က စာကိုသေချာပိုကြိုးစားဖို့လိုသည်လေ။

"Ting Ting Ting ''
TaeHyung ရဲ့အတွေးစတွေက ကျောင်းတက်ခေါင်းလောင်းသံကြားမှပဲ ရပ်တန့်သွားတော့သည်။
အရှေ့ခုံက ကျောပြင်ကျယ်ကိုတော့ တိတ်တိတ်လေးငေးကြည့်နေမိသေးသည်။
မျက်နှာမှာလဲ အပြုံးပန်းတွေပွင့်လန်းလို့ပေါ့...







"နင်ကလဲ..ဘယ်ပြောကောင်းမလဲ ကွနပေပြီတိ ဂွမ်းဆီထိနေတော့မပေါ့ဟ..ဟားဟားဟား "-JiMin


"Ting Ting Ting ''

You're the one who changed meWhere stories live. Discover now