Part 1

1.3K 39 3
                                    

ကျွန်တော့ သိပ်မုန််းတဲ့နေ့ ကျွန်တော့ရှေ့ ဆိုက်ဆိုက်မြိုက်​မြိုက် ရောက်လာခဲ့ပြီ...

မှန်တင်ခုံရှေ့မှာ ထိုင်နေတာက
အဖြူရောင်ဂါဝန်လေးနဲ့ သတို့သမီးလေးဆိုမှ အများအမြင်မှာ ကြည့်ရှူလို့ တင့်တယ်မှာမလား...
ခုတော့ ပြစ်မျိူးမဲ့မထင် လှပပါတယ်ဆိုတဲ့ အဖြူရောင် Suit အပြည့်ဝတ်ဆင်ထားသော အမျိူးသားတစ်ဦးဖြစ်တဲ့ ကျွန်တော်တဲ့လေ....

သိပ်ကိုအကြည်တန်းစရာကောင်းလွန်းသည်။
ဒါဟာကျွန်တော်ဘဝတဲ့လား..
ဟုတ်တာပေါ့.ကျွန်တော်မပိုင်ဆိုင်တဲ့ကျွန်တော့်ဘဝ...
သူကြိုးဆွဲရာကနေရတဲ့ သူဝယ်ထားတဲ့အရုပ်..သူပိုင်ဆိုင်တဲ့ကျွန်တော့်ဘဝ..

......................................,...........,..........................................

'' ဒေါက် ဒေါက် ''
''ဝင်ခဲ့ပါ ''

'' ဟယ်..ယောင်းလေး.ဘာလို့အစောကြီး ပြင်ဆင်ထားတာလဲ.မင်္ဂလာပွဲက ညနေမှလေ အခုမှ နေ့လည်ဘဲရှိသေးတာကို
အင်္ကျီတွေ ပေကုန်တော့မှာဘဲကွယ် ''

...........

'' အော်..ရော့ဒီမှာ ယောင်းစားဖို့ ပန်းသီးလေး လှီးလာတယ်.. စားလိုက်နော် ''

'' ထားခဲ့လိုက် ''

အဒေါ်ကြီး အခန်းထဲက ထွက်သွားဖို့ ဟန်ပြုစဥ်..

'' သူရော ''

အဒေါ်ကြီးက နားမလည်ဟန်ပြန်မေးသည်။

'' ဘယ်သူလဲ ယောင်းလေးရဲ့ ''

'' ဒီအိမ်ကြီးက အရှင်သခင်ကြီးလေ ''
'' သူအပြင်ခဏထွက်သွားပါတယ် ''

မင်္ဂလာပွဲနေ့တောင် အခြားကောင်မတွေနဲ့ သွားအိပ်နေပြန်ပြီလား...ခများက တော်တော်စိတ်ပျက်စရာကောင်းတာပဲ...

'' ကောင်းတယ် သွား..ကြိုပ်တဲ့နေရာသွား.ပြန်မလာလေကောင်းလေပဲ..''

ယောင်းငယ် စိတ်တိုပြီးပြောနေတာလေးက ချစ်စရာကောင်းနေလို့ အဒေါ်ကြီး ခိုးရယ်မိသည်။

'' ဘာရယ်တာလဲ ဒေါ်လေး ''

'' ယောင်းငယ် မှားနေပြီကွဲ့..သူက ဘယ်မှ သွားတာမဟုတ်ဘူး
ဒီနေ့ ယောင်းငယ်ကို ဝတ်ပေးရမယ့် လက်ထပ်လက်စွပ်လေးသွားရွေးနေတာ..ဦးလေးမင်ဝူးကို သွားခိုင်းလို့ပြောတာလဲ မရဘူး..သူကိုယ်တိုင်သွားမယ်တဲ့..ဂျွန်က ယောင်းငယ်ကို ချစ်ပါတယ်ကွယ် ''

ဇာတ်ဆရာ အလိုကျ( Complete ) Where stories live. Discover now