Part 15

384 25 4
                                    

'' ဥိးလေး မင်ဝူး..''

'' သား ထယ်ယောင်း မင်း..မင်းပြန်လိုက်မလို့လား ဟူတ်လား..ဦးလေး.ဝမ်းသာလိုက်တာကွယ်..''

''ဟုတ်တယ်..ဒါနဲ့ ကျွန်တော် jimin ကိုပါ ခဏခေါ်ထားမယ်နော် ဖြစ်တယ်မလား ''

'' ရတာပေါ့ကွယ်.ခု ဂျွန် စံအိမ်ကို ဦးလေးကပဲ ဦးစီးနေတာမို့လို့ ရပါတယ်ကွယ်.''

ထိုစကားကြောင့် ထယ်ယောင်း မေးမိငည်။

'' ဦးလေးက ဦးစီးနေတယ်..ဂျွန်ကဘာလို့လဲ..ဦးလေး ဂျွန် ဘာဖစ်လို့လဲ..သယတစ်ခုခုများဖစ်နေတာလား ''

'' ရောက်တော့ သိမှာပေါ့ကွယ်..ဒါနဲ့ ဒီကလေးလေးက...''

'' ကျွန်တော်နဲ့ ဂျွန်ရဲ့သားလေး..
ကျွန်တော်က ကိုယ်ဝန်ဆောင်နိုင်တဲ့
အမျိူးသားပါ ကလေးက ၃ လပဲရှိသေးတယ်.နာမည်က Taekook တဲ့ ''

'' ချစ်စရာလေးကွယ် ဂျွန်သာသိရင် ပျော်နေမှာ..လာလာ အချိန်မနှောင်းခင်ပြန်ရအောင်  ''

ဦးလေး မင်ဝူး.စကားတွေက အနည်းငယ် ပဟေဠိဆန်သည်။
သူပြောပုံအရ ဂျွန်က
သာမန်နေမကောင်းတာတော့မဖြစ်နိုင်လောက်ဘူး...

အိမ်ကို ​အမြန်ပြန်ချင်ပါသည်။
ဘဝတစ်လျှောက်လုံး နေခဲ့ရသော
အိမ်မို့ ပြန်သွားရမည်ဆိုသော အတွေးက ရင်ခုန်စေပါသည်။
၁ နှစ်ဆိုသော အချိန်က အရမ်းကို တိုတောင်းလွန်းပေမယ့် ဖြစ်သမျှကို သင်ပုန်းချေခဲ့ပါပီ..ဂျွန် ကို အတတ်နိုင်ဆုံးချစ်ပေးပါမည်.ထပ်၍လည်း မခွဲခွာတော့ပါ..
ဂျွန် ဆိုသော ကျွန်တော့်ခင်ပွန်းရဲ့ မျက်နှာလေးအား သိပ်ကိုတွေ့ချင်နေမိပါသည်။

............................

ခြံတံခါးဖွင့်လိုက်တာနဲ့ အရင်က အငွေ့အသတ်တွေကို ပြန်ခံစားမိနေတာဟာလဲ မဆန်းကြယ်ပါ..

ဂျွန် စံအိမ်ကြီးလဲ ကြည့်တိုင်းမရိုးသွားအောင်ကို လှနေပါသည်။

''ဟယ် သားထယ်..သားထယ် ပြန်လာတယ် ''

ဝင်လာတာနဲ့ ဝမ်းသာအားရ နှုတ်ဆက်တဲ့ အဒေါ်ကြီးကို သူပြေးဖက်မိသည်။
သူ့စိတ်ကိုနားလည်ပေးနိုင်တဲ့ တစ်ဦးတည်းသောသူလေ...

ဇာတ်ဆရာ အလိုကျ( Complete ) Where stories live. Discover now