Part 16

393 24 5
                                    

'' ထယ် ''...''ဦးလေးမင်ဝူး အဲ့နားမှာ ရပ်နေတာ ထယ် မလားဟင်.. ''

'' ဟုတ်တာပေါ့..သားစောင့်နေတဲ့
ထယ်ယောင်းလေး သားရဲ့ ''

မျက်နှာလေးရယ် ညိုးကျပီး ပိန်သွားလိုက်တာ..အရင်လို ခန့်ညားထယ်ဝါမှု​တွေမရှိနေဘဲ ကလေးငယ်ဖြူစင်တဲ့ မျက်နှာလေးရယ်...

လက်ချောင်းလေးတွေ တစ်ဖက်နဲ့တစ်ဖက် ယှက်နွယ်ပြီး ကျွန်တော်ဟာ သူချစ်ရတဲ့သူလားလို့ ကြောက်ရွံ့စွာမေးနေပုံလေးမှာ ရင်ထဲကို တဆစ်ဆစ်နဲ့ နာလှပါတယ်. ...

ကလေးလေးလို အပြောအဆိုလေးတွေကလဲ ကျွန်တော့်ကို မျက်ရည်ဝဲစေပါတယ်....
ခေါ်တာတောင် ကိုယ့်ကိုယ်ကို ကု တဲ့လားဂျွန်...အရင်က သခင်လေးဂျွန် က ဘယ်ရောက်သွားတာလဲ....

ဒါတွေအားလုံး ကျွန်တော့်ရဲ့ မိုက်ပြစ်လား...နောင်တ ရပါတယ်...အချစ်ကိ​ြ ကစားမိလို့ နောင်တရပါတယ်..
ဂျွန့်ကိုပြစ်ထားခဲ့မိလို့ ပို၍နာကျင်မိပါတယ်...

'' ဂျွန်  ''

...............

ဘာမှပြန်မဖြေ သူ့အား အောက်နှုတ်ခမ်းလေးကိုက်ပီး မရဲတရဲ ကြည့်နေတာရယ်...

'' ဂျွန်... ထယ့်ကို မှတ်မိလားဟင်..
ထယ်လေဂျွန်ရဲ့ ဂျွန်မျှော်နေတဲ့ ထယ်က အခု ဂျွန့်ဆီပြန်လာပီလေ..လာပါအုံး ထယ်ဆီ. မတွေ့ရတာကြာတော့ ဖတ်ထားချင်လို့ပါ..''

'' ဟင့်အင်း ကု မလာရဲဘူး ''

'' အော် သားရယ် သွားလိုက်နော်..ထယ်ကသားကို သိပ်ချစ်တာပဲ ဘာမှမလုပ်ဘူးနော်  လိမ္မာတယ်..ဂျောင်ကု လေးက ထယ့်ဆီသွားရင် Banana Milk တွေ အများကြီး တိုက်မယ်တဲ့ ''

'' တကယ်လား ''

တောက်ပတဲ့ မျက်လုံးလေးတွေ ပြူးကြည့်နေသည်တဲ့ကွယ်..
ကလေးရယ်..သနားလိုက်တာ....

'' ဦးလေး ဒေါက်တာ ဂျီမင်း
အပြင်ခဏလောက်ထွက်ပေးပါနော်..ပျွန်တော် ဂျွန် နဲ့ နှစ်ယောက်ထဲ နေချင်တယ်.''

'' ဖြစ်ပါ့မလား ထယ်ယောင်း..မင်းကို
ဂျွန်က နဲနဲကြောက်နေသလိုပဲ..ရပါ့မလား ''

'' လွှတ်ထားပေးလိုက်ပါ Jiminshii..
အခုကစပီး ဂျောင်ကု နေပြန်ကောင်းဖို့ အနီးကပ်စောင့်ရှောက်ပီး အရင်လိုပြန်ဖြစ်အောင် လုပ်ဆောင်ပေးရမယ့် တာဝန်က ထယ်ယောင်းရဲ့ တာဝန်ဖြစ်သွားပီလို့ ကျွန်တော် ယူဆတယ်..
ဒါကြောင့် လွှတ်ထားပေးလိုက်ပါ..ကျွန်တော်တို့ အပြင် ထွက်ပေးရအောင်..''

ဇာတ်ဆရာ အလိုကျ( Complete ) Where stories live. Discover now