Part 13

380 24 2
                                    

1 years Later.....

'' Jimin ရေ ဒီနေ့တော့ ငါအိမ်စောပြန်လိုက်မယ်နော်..သားလေးက အရမ်းအိနေတယ်..နေမကောင်းချင်တာလားမသိဘူး..''
'' အေအေ အဲ့ဒါဆိုလဲ ဂရုစိုက်ပြန်အုံး..
ညစာအတူတူစားမှာမို့လို့ စောင့်နော်
ညကို စောစောပြန်ခဲ့မယ် .''

ဒယ်ဂူမြို့ရဲ့ တိတ်ဆိတ်လှသော ရပ်ကွက်လေးထဲမှာ ကျွန်တော်ရယ် Jimin ရယ်..ကျွန်တော့်ရဲ့ ၃ လအရွယ်သာရှိသေးသော သားငယ်လေးရယ် ၃ယောက် တူတူ​​​နေကြတယ်..

ကျွန်တော်တို့ နေတဲ့နေရာမှာ ကျောင်းတစ်ကျောင်းရှိတော့ အဲ့နားလေးမှာ ကော်ဖီဆိုင်လှလှလေးတစ်ဆိုင်ဖွင့်ပီး
စားဝတ်နေရေးအတွက်ငွေရှာကြတယ်..
မက်မက်မောမောလောဘရှိသူတွေမဟုတ်တော့ ကော်ဖီဆိုင်ကရတဲ့ဝင်ငွေလေးက ကျွန်တော်တို့အတွက် ဖူလုံတယ်..

သူ့ဆီကထွက်လာပြီးကထဲက jimin နဲ့ပဲ တူတူနေတယ်. Jimin ကလေ တကယ်ကို သူငယ်ချင်းကောင်းပါ..

ကျွန်တော်တို့ သားအဖနှစ်ယာက် တစက်ကလေးမှ မငြိုငြင်ဘဲ သိပ်ကိုအနွံတာခံပီး ကြည့်ပေးရှာတာ...ဒါနဲ့ ဟူတ်ပါတယ်..ဒီတစ်ကြိမ် ကျွန်တော်လွတ်မြောက်ခဲ့တယ်...သို့သော်..
ကျွန်တော့်ရဲ့ ခန္ဓာပါပဲ...စိတ်နှလုံးအစုံကတော့....ဂျွန်.. သူဘာတွေလုပ်နေမလဲ..ဘယ်လိုအခြေအနေများရှိနေမလဲ..

Flash Back...

ခန်းနားထည်ဝါသော မင်္ဂလာခန်းမကြီးရယ်..
ကျွန်တော်ရယ်သူရယ်..
များများစားစားမရှိသော
ဧည့်ပရိသတ်ရယ်..

သတို့သား Jeon Jungkook သည် တဖက်သတို့သား Kim Teahyung အား ရာသက်ပန် သက်ဆုံးတိုင် ချစ်ခင်နှစ်သက်စွာဖြင့် ဘဝလက်တွဲဖော်အဖြစ် လက်ဆက်မည်ဟု ကတိကဝတ်ပြူပါသလား...

'' ဟုတ်ကဲ့ ကတိပြုပါတယ်..
ယနေ့မှစ၍ ကျွန်ုပ်ဘဝအား Jeon Taehyung အားပေးပါသည်။ ''

ထိုအချိန် ကျွန်တော့်ရင်ထဲ တစ်မျိူးခံစားရသည်။
အမျိူးအမည်မသိသော လှုပ်ရှားမှုတစ်ခု ရင်ထဲဖြစ်ပေါ်မိသည်။ ဂျွန် မျက်လုံးထဲမှာ အချစ်ရိပ်တွေသန်းေနတာ ကျွန်တော်သေချာတွေ့ခဲ့တယ်..

မကြည့်နဲ့ အဲ့မျက်လုံးတွေနဲ့ ငါ့ကို မကြည့်နဲ့.ငါကမင်းကို မုန်းနေတာ..မင်းကိုငါက ထားသွားမှာ..အဲ့လိုဂရုဏာမသက်ပြပါနဲ့ဂျွန် ရယ်...

ဇာတ်ဆရာ အလိုကျ( Complete ) Where stories live. Discover now