Part 9

376 23 2
                                    

ထိုနေ့မနက်က ဘောင်းဘီ သွားဝယ်ဖို့ဆိုပီး Shopping ထွက်ခဲ့ကြတဲ့
သူတို့ နှစ်ဦး..

ဒီနေ့ အတော်လေး ထူးဆန်းနေသည်လို့ ဂျွန် စိတ်ထဲ တွေးမိနေသည်။

'ဘာလဲ ဒီကောင် ဘာတွေ ကြံစည်နေတာလဲ..ခုလဲ ဘာလို့ အဲ့ချစ်စရာကောင်းအောင်ဝတ်ထားတာလဲ..ပေါင်ကလဲ ပေါ်နေတယ်..မျက်နှာကလဲ ဘာလို့ အဲ့လောက်တောင် ပန်းရောင်သန်းပီး ချစ်စရာကောင်းနေတာလဲ...

ဟမ်..ငါ ငါကရော ဘာလို့ သူ့ကို အဲ့လောက်အသေးစိတ်လိုက်ကြည့်နေတာလဲ.. ဟာ မသိတော့ဘူး..

'' ဂျွန်....''
တစ်လမ်းလုံး နှုတ်ဆိတ်နေရာမှ
ထယ်ယောင်းရဲ့ ခေါ်သံငယ်..

'' ဂျွန်..လို့ ခေါ်နေတာကို မထူးဘူး ''

'' ကျစ်...ဘာလဲဟာ ''

'' Market ရောက်လို့ရှိရင် ထယ်လဲ
ဝယ်စရာရှိတာ နည်းနည်းဝယ်မယ်နော်..
ဆောင်းဝင်တော့မှာဆိုတော့ ထယ် Hoodie နည်းနည်းလောက်ဝယ်ချင်လို့
ပီးတော့ ခေါင်းစွပ်လေးရယ်
မာဖလာလေးရယ်လဲ ဝယ်မယ်နော်..
ဂျွန် ဝယ်ပေးရမယ်နော်..''

'' ထယ်ယောင်း...မင်းဘာတွေ ကြံစည်နေတာလဲ ''

''ဟမ်''
သူရိပ်မိသွားပီလား...

'' ဘာကိုလဲ ဂျွန် ''

'' ဟုတ်တယ် မင်းဘာတွေကြံစည်နေတာလဲ..ဘာလို့ခုလို နေ့ချင်းညချင်းပြောင်းလဲသွားတာလဲ..
ဘာလို့ အဲ့လို အမူအရာတွေနဲ့ ကလေးတစ်ယောက်လို ချစ်ဖို့ကောင်းအောင်နေနေတာလဲ...
မင်းအဲ့လိုလုပ်လို့လဲ ငါနဲ့ လက်ထပ်မယ့် ကိစ္စက ပြတ်သွားမှာ မဟုတ်ဘူးနော်..
မင်းကိုငါက ရအောင်ယူမှာ..မင်းက ငါ့အပိုင်ဆိုတာ တသက်လုံးမှတ်ထား.. ''

'' မဟုတ်ပါဘူး...အမှန်ဆိုရင် ဒါက ထယ့်ရဲ့ ပုံစံအမှန်ပဲဟာကို ဂျွန်လဲ သိသားနဲ့..

ဂျွန်သာ ထယ့်ကို နာကျင်အောင်မလုပ်ရင်
ထယ်ကလဲ ဂျွန့်ကို ခါးခါးသီးသီး
ဆက်ဆံပါ့မလား...
ထယ်က ဂျွန့်အပိုင်ဆိုတာလဲ သိပါတယ်..လက်ထပ်ဖို့ကိုလဲမငြင်းပါဘူး..

ဒါမယ့်....အင့်..အဟင့်..ဟင့်..ဟင့်

ပြောရင်းနဲ့ ရှိုက်ကြီးတငင် ငိုပါသော ထယ်ယောင်းငယ်....

ဇာတ်ဆရာ အလိုကျ( Complete ) Where stories live. Discover now