Part 7

386 22 0
                                    

'' ပျော်တော်ဆက်ဘဝနဲ့နေ....
ငါ့နဲ့လက်ထပ်ရမယ်...
ငါပျော်တော်ဆက်ဘဝနဲ့နေ..
ငါနဲ့လက်ထပ်ရမယ် ''....

အား!!!!တော်ပါတော့ ဆက်မပြောကြပါနဲ့တော်..ဘာလို့လဲ..ဘာလို့ အဲ့လောက်လုပ်ရက်တာလဲ..ငါလုပ်တဲ့အပြစ်က အဲ့လောက်တောင် ကြီးသွားလို့လား ''

နားထဲကြိမ်ဖန်များစွားကြားယောင်လာသော ထိုစကားများကြောင့်
ထယ်ယောင်းငယ် အရူးတစ်ယောက်လို့ အော်မိသည်။

ထောင်ကျနေရာကနေ. မှောင်မိုက်သော အခန်းငယ်တွင် တစ်ယောက်ထဲ
အကျဥ်းချုပ် ချခံရသလိုပင် စိတ်ထဲမွန်းကြပ်လှ၏။

ငါ့ကို ကယ်မဲ့လူမရှိကြတော့ဘူးလားလို့..
မုန်းတယ်ဂျွန့်ကိုမုန်းတယ်...
ငါသူနဲ့လက်မထပ်ချင်ဘူး....

ရွံစရာကောင်းတဲ့ အဲ့အကောင်ကို
ငါမုန်းတယ်...
သေလောက်အောင်မုန်းတယ်
ဂျွန်ဂျောင်ဂု.....

အခန်းငယ်ထဲတွင် တစ်ယောရ်ထဲ အော်ငိုနေသည် အခန်းပြင်ဘက်တွင်
တိတ်တိတ်ကလေး နားထောင်နေသော ကောင်လေးတစ်ယောက်လဲရှိသည်။

မုန်းတယ်ဟုတ်လား ထယ်ယောင်း
မုန်း..ငါ့ကိုကြိုက်သလောက်မုန်း..
စက္ကန့်နဲ့အမျှမုန်း...မိနစ်နဲ့အမျှငါကပြန်ချစ်မယ်..

မင်းက ငါ့အပိုင်..ငါအရုပ်..
ငါလုပ်ချင်တာလုပ်မယ်...
မင်းသေလောက်​အောင်ရွံလည်း ငါကတော့စောက်ရမ်းချစ်တယ်
ကင်မ်ထယ်ယောင်း....

ငါ့အချစ်က မနူးညံ့ပေမယ့်...
ချစ်တာတော့ချစ်နေဆဲပါ.....

မင်းငိုနေရရင်ကို ငါသဘောကျတာ..
ငါကတော့ ငါပျော်ဖို့အတွက် အဲ့လိုနည်းနဲ့ဆက်ချစ်မယ်...

မင်းရဲ့မျက်ရည်ကိုတောင် ငါ့စိတ်ကြိုက်ခြယ်လှယ်မှာမို့...
သိပ်မုန်းနေရင်လဲ မတတ်နိုင်ဘူးကွယ်...

ငါကတော့ အဲ့အရာလေးတွေ အချစ်လို့သတ်မှတ်တယ် ငယ်ရယ်...

...အတ္တဆန်လိုက်တဲ့ ဂျွန့်အချစ်ရယ်...
ဝဋ်ဆိုတာတကယ်ရှိရင်
ဂျွန့်အား ခံစားဖူးစေချင်သည်။

အချိူ့အချစ်တွေက ကိုယ်တစ်ယောက်ထဲပျော်ရွှင်ဖို့အတွက်ပဲချစ်ကြတယ်ဆိုတာ ဂျွန်က သက်သေပြနေသည်။

ဇာတ်ဆရာ အလိုကျ( Complete ) Where stories live. Discover now