376 - 380

198 22 0
                                    

အခန်း ၃၇၆-
တိုက်ပွဲ။

" သူတို့က ပျက်စီးခြင်း ခုနစ်ပါး နန်းတော်ရဲ့ဂျင်ဂျူး၊ လနတ်ဆိုး ဗိမ္မာန် ဂိုဏ်းရဲ့ ရွှန်းဝူဟန်နဲ့၊ ဓားနန်းတော်ရဲ့ လင်းယွန်ပဲ။ ''
'' ရှေးဟောင်း တာအို ဂိုဏ်းရဲ့၊ ကျန်းရန် မထွက်လာ သေးဖူးလေ။ ''
" ဟား ဟား ဟား၊ မင်းက ဝမ်ရန်းဘို စကားကို၊ တကယ် အလေး အနက် ထားနေ တာလား၊ လင်းယွန်၊ ဂျင်ဂျူးနဲ့ ရွှန်းဝူဟန်ကို လူတိုင်း မြင်ခဲ့ ရတယ်၊ မင်းရဲ့ ကျန်းရန်ကို ဘယ်သူ ကများ၊ ကြာနက် နန်းတော် ထဲမှာ၊ တွေ့ခဲ့ဖူး လို့လဲ။ '
သူတိုင်း၏ အကြည့်က ဓားနန်းတော်သို့၊ ရောက်ရှိ လာ၏။
ဤနေ့ ပြီးနောက်၊ ဓားနန်းတော်၏ ဂုဏ်သတင်း ကျော်ကြား ခြင်းမှာ၊ အင်ပါယာ တခွင် ပြန်လည် အသက်ဝင်  လာတော့မည် ဖြစ်သည်။
ကြာနက် နန်းတော်၏ စမ်းသပ်မှုကို ဖြတ်ကျော် ပြီးနောက်၊ လင်းယွန်က ပင်ပန်း နွမ်းနယ် နေခဲ့သည်။

နဝမ အဆင့်က သူ ထင်ထား သည်ထက်၊ ပို၍ ခက်ခဲ လှ၏။ အဖြူဝတ် ဓားသမားမှ၊ ဖော်ပြ ပေးသော ချို့ယွင်း ချက်မှာ၊ အလွန် လျှို့ဝှက်သည်။

အဖြူဝတ် ဓားသမားက၊ လွယ်လွယ်ဖြင့် ခွင့်မပြု ခဲ့ပေ။ သို့သော် ယင်းနောက် ၎င်းကို ရှာဖွေ ဖြတ်ကျော် နိုင်ခဲ့သည်။

အခြား သူများ သည်လည်း၊ အလားတူ အခက် အခဲနှင့် ရင်ဆိုင် ရမည်ကို၊ မှန်းဆ နိုင်သည်။

စမ်းသပ် မှုများ အောင်မြင်ရ ခြင်း၏၊ အကြောင်းရင်း အများ စုမှာ၊ ဓားရှည် နည်းစနစ် များကို လေ့ကျင့်ထား ခြင်းကြောင့် ဖြစ်သည်။

ဆိုလို သည်မှာ ဓားသမားများ အတွက်၊ ဓားသမားကို ရင်ဆိုင် ရခြင်း ဖြစ်ရာ၊ အခြားသောကျင့်ကြံသူ များထက်၊ အသာစီး ရစေသည်။

ထို့ကြောင့် သူက အဖြူဝတ် ဓားသမား ထံမှ၊ ဟာကွက် များကို၊ လျင်မြန်စွာ သတိထား မိခြင်း ဖြစ်သည်။

'' ငါ အလျင် လိုစရာ မရှိ တော့ဘူး၊ ယင်ယန် ဆေးလုံးကို အရင် သန့်စင် ကြရအောင်။ "

လက်ကို ဝှေ့ယမ်းကာ၊ ယင်ယန် ဆေးလုံးအား ထုတ်ယူ လိုက်သည်။

လက်ပေါ် ရောက်သည်နှင့်၊ အခိုး အငွေ့ များက ပတ်ပတ် လည်တွင်၊ ရစ်ပတ် နေသော နဂါး နှစ်ကောင် အဖြစ်သို့၊ ထင်ရှား လာသည်။

ကြီးမြတ်သောသခင် (သို့) ပန်းသင်္ချိုင်းဓားသမား(လင်းယွန်) Book 1 Ongoing မှီNơi câu chuyện tồn tại. Hãy khám phá bây giờ