အခန်း ၄၂၆-
ချန်ပီယံ။နဂါး တံခါး ပြိုင်ပွဲ ကျင်းပရာ ရင်ပြင်ကို၊ နတ်ဘုရား အစောင့် များက ကြပ်မတ် ထားပြီး၊ ကျူးကျော် ဝင်ရောက် လာသူ တိုင်းအား၊ သတ်ပစ်မည် ဖြစ်သည်။
ဤနေရာကို ယခု အချိန်၌၊ တားမြစ် နယ်မြေ အဖြစ် သတ်မှတ် လာပြီး၊ နဂါး တံခါး ပြိုင်ပွဲ ကျင်းပ ချိန် မှသာ၊ ဖွင့်လှစ် တော့ပေမည်။
ရင်ပြင် အလယ် ဗဟိုတွင်၊ လူတိုင်း၏ အာရုံ စူးစိုက် မှုကို၊ ခံယူ ထိုက်သော 'နဂါး စင်မြင့်' ရှိ၏။
နဂါး စင်မြင့် သည် မဟာချင် အင်ပါယာ၏၊ ပါရမီရှင် ရှစ်ပါးကို၊ မွေးထုတ် ပေးရာ စင်မြင့် ဖြစ်ပြီး၊ ထိပ်တန်း ရှစ်ယောက်သို့ ရောက်ရှိလာ ခြင်းဖြင့်၊ နဂါး အသွင် ပြောင်းလဲ သွားနိုင်မည် ဖြစ်သည်။စင်မြင့် အနီးတွင်၊ ရှေးဟောင်း အရှိန်အဝါ များဖြင့်၊ ပြည့်နှက် နေသော ထိုင်ခုံ ကိုးလုံး ရှိပြီး၊ အလယ် ဗဟိုရှိ ထိုင်ခုံ တစ်လုံးကို၊ ကျန်ရှိနေသော ထိုင်ခုံရှစ် လုံးက၊ ဝိုင်းပတ် ထားသည်။
ထိုအလယ် ဗဟိုရှိ ထိုင်ခုံတွင်၊ လွင့်မျော နေသော ငွေရောင် ဇာပုဝါဖြင့်၊ အလှဆင် ထား၏။ ချန်ပီယံ တစ်ဦး တည်းသာ၊ ဤနေရာနှင့် သက်ဆိုင်မည် ဖြစ်သည်။
အခြားသော ထိုင်ခုံရှစ် လုံးမှာ၊ ပါရမီရှင် ရှစ်ပါး အတွက်၊ သတ်မှတ် ပေးထားသည့် နေရာ ဖြစ်ပြီး၊ ဗဟို နေရာမှာ ၎င်းတို့ အနက် ချန်ပီယံကို ရည်ရွယ် ပေသည်။
ချန်ပီယံကို မဟာ ချင် အင်ပါယာ၌၊ မျိုးဆက်သစ် လူငယ် များ၏၊ ဘုရင် တစ်ပါး အဖြစ် သတ်မှတ် ကြပေမည်။
ဤစင်မြင့်သည် ဂုဏ်သတင်းနှင့် အိပ်မက်၊ နှစ်ခု လုံးကို ကိုယ်စား ပြုပြီး၊ လူငယ် ဘုရင် တစ်ပါးအား၊ ဤနေရာတွင် မွေးဖွား ပေးမည် ဖြစ်သည်။
ပရိဿတ်များ အတွင်း တစ်နေ ရာ၌၊ မဟာချင် အင်ပါယာ၏ ဧကရာဇ်မင်း စံမြန်းရာ၊ ပလ္လင် တစ်ခု ထားရှိ၏။
ထိုပလ္လင်ကို ရာဇ ပလ္လင်တော် အဖြစ် သတ်မှတ် ထားပြီး၊ ချန်ပီယံ ထိုင်ခုံကို မျက်နှာ မူကာ၊ ချမှတ် ပေးထား လေသည်။
ချင်ယု သည်သာ ချန်ပီယံ စင်မြင့် နေရာတွင် ရပ်နိုင် ပါက၊ ပိုမို တောက်ပ လာစေရန် ရာဇ ပလ္လင် တော်က၊ ရောင်ပြန် ဟပ်ပေး ပေလိမ့်မည်။
YOU ARE READING
ကြီးမြတ်သောသခင် (သို့) ပန်းသင်္ချိုင်းဓားသမား(လင်းယွန်) Book 1 Ongoing မှီ
AdventureThe Sovereign's Ascension. On Going. ကြီးမြတ်သော သခင်။ (လင်းယွန်) ဉာဏ်လင်းထက် ?#MC က ရှယ်ကြမ်းရင် ကြိုက်တယ် ဆိုတဲ့သူတွေ အတွက် ... ?#MC က အနိမ်ခံ ဘဝကို စိတ်ပျက် နေသူတွေအတွက် ... ☝ #MC က ရတနာ ပစ္စည်းတွေ အားကိုးနဲ့၊ အလကား နေရင်း အစွမ်းထက် နေသူ တွေကိုငြ...