အခန်း ၅၂၁-
တိုးတက်မှု။နောက်ထပ် ရက် အနည်းငယ် အကြာတွင်၊ မိုလင်း၏ သင်ကြားရေး နည်းဖြင့်၊ တဖြည်းဖြည်း ကျင့်သား ရလာပြီး၊ အံ့သြ စရာ ကောင်းလောက်အောင် စိတ် ဝိညာဉ်မှာ၊ ငြိမ်သက် သွားခဲ့သည်။
သုံးရက် ကုန်လွန် ပြီးနောက်၊ တစ်မနက် တည်းဖြင့်၊ ဝိညာဉ် ရေးရာ ရူရ်ပေါင်း သုံးထောင်ကို ရေးထိုး လာနိုင်သည် အထိ တိုးတက် လာ၏။
တစ်ချိန်တည်း မှာပင် သူ၏ စိတ်စွမ်းအင် များသည်လည်း၊ နေ့စဉ်နှင့် အမျှ တိုးတက်လာ လေသည်။
သို့သော် ထိုသို့သော အောင်မြင်များ ရရှိရန်၊ လေ့ကျင့် ရာတွင်၊ ရုပ်ပိုင်း ဆိုင်ရာ ပင်ပန်း နွမ်းနယ် ရုံသာ မက၊ စိတ်ပိုင်း ဆိုင်ရာ ကိုပင်၊ ပန်းလာ စေ၏။
နာကျင် မှုကြောင့် ခေါင်းကို ရိုက်ခွဲ ပစ်ချင် စိတ်များ၊ ဝင်ရောက် လာတက်သည်။
အကြိမ်ပေါင်း များစွာ လက်လျော့ရန် စဉ်းစားမိ သော်လည်း၊ မိုလင်း၏ မျက်လုံး များတွင်၊ အထင် အမြင် သေးခြင်းကို မြင်သည့် အခါ တိုင်း၌၊ အံကြိတ်ကာ ဆက်သွား နေမိသည်။
မည်သို့ပင် ဆိုစေ ကာမူ၊ ကျင့်ကြံ မှု၌၊ များစွာ အကျိုး ကျေးဇူး ရရှိ ခဲ့သည်။ မိုလင်း၏ သင်ကြား မှုသည်၊ ရူရ် များ အပေါ်၊ သူ့ အမြင်အား ချဲ့ထွင် ပေးပေသည်။
ဓားနန်းတော်တွင် ရှိစဉ်၌၊ ဆေးလုံးများ သန့်စင် ခြင်းနှင့်၊ အစီရင်များ ခင်းကျင်းခြင်း၊ စသည့် နေရာများ တွင်သာ၊ ရူရ် များကို အသုံး ပြုကြောင်း သိရှိ ထားသည်။
ဝိညာဉ် ရေးရာ ရူရ်များ၊ အသုံး ဝင်ပုံ အများကြီး ရှိသည်အား၊ သူ မသိ ခဲ့ချေ။
၎င်းတို့မှာ ရှေးဟောင်း ပစ္စည်းများ သန့်စင်ခြင်း၊ အစီရင်များ ခင်းကျင်းခြင်း၊ ဆေးလုံးများ သန့်စင်ခြင်း၊ တိုက်ခိုက်ရေး ပန်းချီ ကားများ ဖွဲ့စည်း ခြင်းနှင့်၊ ယန္တရား ရုပ်သေး ရုပ်များ ဖန်တီးခြင်း၊ စသည်တို့ ဖြစ်သည်။
ဝိညာဉ် ရေးရာ ရူရ် များမှာ၊ ကျင့်ကြံခြင်း လောကသို့၊ ထောင့်တိုင်းမှ စိမ့်ဝင် နေကြောင်း သက်သေပြ နေ၏။
أنت تقرأ
ကြီးမြတ်သောသခင် (သို့) ပန်းသင်္ချိုင်းဓားသမား(လင်းယွန်) Book 1 Ongoing မှီ
مغامرةThe Sovereign's Ascension. On Going. ကြီးမြတ်သော သခင်။ (လင်းယွန်) ဉာဏ်လင်းထက် ?#MC က ရှယ်ကြမ်းရင် ကြိုက်တယ် ဆိုတဲ့သူတွေ အတွက် ... ?#MC က အနိမ်ခံ ဘဝကို စိတ်ပျက် နေသူတွေအတွက် ... ☝ #MC က ရတနာ ပစ္စည်းတွေ အားကိုးနဲ့၊ အလကား နေရင်း အစွမ်းထက် နေသူ တွေကိုငြ...