အခန်း ၆၂၆-
တိုက်ပွဲ။သွေးတောင်ပံ ခန်းမ ဝတ်ရုံကို ဆင်မြန်း ထားသော အကြီးအကဲ သုံးဦးက၊ လင်းယွန် ထံသို့ ဦးတည် လျှောက်လှမ်း လာကြ လေပြီ။
ထိုသုံးဦးမှာ ကနဦး ယင်-ယန် အဆင့်၌ ရှိနေ ကြ၏။ ၎င်းတို့သည် အတွင်း အကြီးအကဲများ ဖြစ်ပြီး၊ သွေးတောင်ပံ ခန်းမ၌ အသန်မာဆုံး သူများ ဖြစ်သည်။
သို့သော် ထက်ရှသော ဓားရည်ရွယ် ချက်ကြောင့်၊ အကြီးအကဲ သုံးဦး၏ ဖိအားဖြင့်၊ ရင်ဆိုင် ရချိန်တွင်၊ လင်းယွန်မှာ တုန်လှုပ် သွားခြင်း မရှိပေ။
ထိုအစား မျက်ခုံး ပင့်ကာ၊ ကောင်းကင် ဝိညာဉ် နယ်ပယ် ကျွမ်းကျင် သူကို၊ ခိုးကြည့် လိုက်သည်။
၎င်းကျွမ်းကျင် သူမှာ၊ သူ့အဆင့် အတန်းကြောင့်၊ ကိုယ်တိုင် လုပ်ဆောင်ရန် ရှက်ရွံ့ နေပုံ ရသည်။
သဏ္ဍာန် သုံးပါး စံအိမ် အတွက်မူ၊ ဤအချင်းအရာဖြင့် ပတ်သတ်ရန် စိတ်ဝင်စား ပုံ မရချေ။
“ ကောင်လေး ... ၊ ငါတို့ မင်းကို မေးနေ တယ်လေ၊ လန်းဟွာယုကို သတ်ခဲ့လား။ ”
လင်းယွန် ထံမှ လျစ်လျူရှု မှုကို မြင်သော အခါတွင်၊ သွေးတောင်ပံ ခန်းမ အကြီးအကဲက၊ ဒေါသ ပိုထွက် လာ၏။
မူလ စွမ်းအင်ကို လောင်းထည့်ကာ၊ အသံ လှိုင်းဖြင့် လင်းယွန်အား ဖိနှိပ် ပစ်လိုက် သည်။ ယင်းကြောင့် လူတိုင်း အာရုံကို ချက်ချင်း ဖမ်းစား နိုင်ခဲ့၏။
သို့သော် ရှန်ရှင်း ဓားဖြင့်၊ ကာကွယ် ထားပြီး ဖြစ်ရာ၊ အဆိုပါ တိုက်ခိုက်မှုက၊ လင်းယွန်အား ဒဏ်ရာ ရအောင် မစွမ်းဆောင် နိုင်ခဲ့ချေ။
“ သွေးတောင်ပံ ခန်းမက၊ ငါ့ကို ဆုကြေး ထုတ်ထားတယ် မဟုတ်လား၊ ဒါဆို ဘာလို့ မေးခွန်းတွေ မေးနေ သေးတာလဲ။ ”
“ ငါ ... မင်းကို မေးခွန်း မေးနေတယ်၊ ပြန်ဖြေပါ။ ”
အကြီးအကဲ အဘိုးအိုက၊ ရှေ့တစ်လှမ်း တိုးကာ၊ ဒေါသတကြီး အော်ငေါက် လိုက်၏။
“ တကယ်ပဲ အချိန်တွေ လာဖြုန်း နေတာပဲ၊ မင်းတို့ရဲ့ အမှိုက်ကို ငါ သတ်ခဲ့တာ လူတိုင်း မြင်တယ်။ ”
أنت تقرأ
ကြီးမြတ်သောသခင် (သို့) ပန်းသင်္ချိုင်းဓားသမား(လင်းယွန်) Book 1 Ongoing မှီ
مغامرةThe Sovereign's Ascension. On Going. ကြီးမြတ်သော သခင်။ (လင်းယွန်) ဉာဏ်လင်းထက် ?#MC က ရှယ်ကြမ်းရင် ကြိုက်တယ် ဆိုတဲ့သူတွေ အတွက် ... ?#MC က အနိမ်ခံ ဘဝကို စိတ်ပျက် နေသူတွေအတွက် ... ☝ #MC က ရတနာ ပစ္စည်းတွေ အားကိုးနဲ့၊ အလကား နေရင်း အစွမ်းထက် နေသူ တွေကိုငြ...