အခန်း ၅၅၁-
အကယ်ဒမီ ငါးခု ပြိုင်ပွဲ။နာရီဝက် အကြာတွင် တပည့် များ နေထိုင်ရာ၊ အခင်း အကျင်း မျိုးဖြင့် ကွဲထွက် နေသော၊ သာမာန် ခြံဝင်း တစ်ခု အပြင်၌ ယုမူက ရပ်လိုက်သည်။
“ ဒါက စီနီယာ တန်ရဲ့ နေအိမ်လား။ ”
လင်းယွန်က ယုမူနှင့် ဘေးချင်း ယှဉ်ရပ်ကာ မေးမိသည်။
ကောင်းကင် ဝိညာဉ် နယ်ပယ်ရှိ ကျွမ်းကျင်သူ တစ်ဦး အနေဖြင့်၊ ဤမျှ အကြမ်းထည် နိုင်လွန်းသော၊ နေအိမ် တစ်လုံး တွင်၊ နေလိမ့် မည်ဟု၊ သူ မထင် ထားချေ။
“ စီနီယာ တန်က တိတ်ဆိတ် ခြင်းကို နှစ်သက် တယ်၊ ဒါကြောင့် ရိုးရှင်းတဲ့ နေရာကို သူ ရွေးချယ် ထားတာပဲ၊ လာ ... အထဲ ဝင်ရ အောင်။ ”
အကြီး အကဲ ယုမူက ပြုံးကာ ဆိုသည်။
“ ဟုတ် ကဲ့။ ”
လင်းယွန်က ခေါင်းညိတ် ပြပြီး ခြံ ထဲသို့၊ လိုက်ပါ ဝင်ရောက် လိုက်သည်။
အတွင်းပိုင်း အပြင် အဆင် များမှာ၊ အကြမ်းထည် နိုင်လှပြီး၊ သာယာသော လေထုဖြင့် ပြည့်နှက် နေသည်။
ယခင်က မြင်ခဲ့ ဖူးသည့်၊ အကြီး အကဲ အချို့မှာ အိမ် အတွင်းမှ ပြန်လည် ထွက်ခွာ လာ ကြ၏။
မျက်နှာချင်းဆိုင် တွေ့ဆုံ ချိန်တွင်၊ သူ့ကို တစ်ချက် စစ်ဆေး ပြီးနောက်၊ အချင်းချင်း ပြောဆို ဆွေးနွေး နေတော့၏။
“ ဒါက စီနီယာတန် အကြံ ပေးတဲ့ သူလား။ ”
“ ဒီကောင်လေး လား၊ သူ နာမည် ကြီးလာတာ မကြာသေး ပါဘူး၊ လူတိုင်းကို အနိုင် ယူပြီး၊ ပန်းဘုရင်ကို ရိတ်သိမ်း ထားတဲ့ သူလေ၊ ဌာနမှူး တောင်မှ သူ့အတွက် စိတ်ကူးတွေ ရှိတယ်လို့ ကြားထားတယ်။ ”
“ ဒါပေမယ့် သူ့ဆီ ကနေ ထွက်လာတဲ့၊ ဝိညာဉ် စွမ်းအင် အတက် အကျက၊ တတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင် အဆင့်ကို ရောက်နေ ပုံပဲ၊ နည်းနည်းတော့ အားနည်း နေသေးတယ်။ ”
“ လမ်းကြောင်းပေါ် သူ ရောက်လာ ပုံပဲ၊ ပြီးတော့ သူရဲ့ သိုင်းနည်း စနစ်တွေ ကလည်း စိတ်ဝင်စား စရာပါ၊ ဒါကြောင့် ဌာနမှူးက ရွေးချယ် ရတဲ့၊ အကြောင်း ရင်းလည်း ဖြစ်နိုင် တယ်။ ”
YOU ARE READING
ကြီးမြတ်သောသခင် (သို့) ပန်းသင်္ချိုင်းဓားသမား(လင်းယွန်) Book 1 Ongoing မှီ
AdventureThe Sovereign's Ascension. On Going. ကြီးမြတ်သော သခင်။ (လင်းယွန်) ဉာဏ်လင်းထက် ?#MC က ရှယ်ကြမ်းရင် ကြိုက်တယ် ဆိုတဲ့သူတွေ အတွက် ... ?#MC က အနိမ်ခံ ဘဝကို စိတ်ပျက် နေသူတွေအတွက် ... ☝ #MC က ရတနာ ပစ္စည်းတွေ အားကိုးနဲ့၊ အလကား နေရင်း အစွမ်းထက် နေသူ တွေကိုငြ...