726 - 730

146 14 0
                                    

အခန်း ၇၂၆ -
ဇာတ်ကောင် ဘယ်သူလဲ။

စိန်ခေါ် မှုတွင် ကျရှုံး သွားသော လူငယ်ကို အမှိုက် တစ်စဟု၊ ချင်ရှုမှ မောက်မာစွာ ခေါ်ဆို လိုက်သည်။
သို့သော် သူ့အား မည်သူမျှ၊ လျှော့မတွက် ရဲကြချေ။ ပါရမီရှင် ခုနစ်ပါးမှာ သည်းမခံ နိုင်လောက်အောင် မောက်မာလှ သော်လည်း၊ မြို့ခံများ ဖြစ်သောကြောင့်၊ မျက်နှာသာ ပေးရသည်။
“ ဝိုး ... ချင်ရှုက စောစော စီးစီး စင်ပေါ် တက်ချင် နေတာလား။ ”
“ စင်မြင့် သုံးခုက မရိုးရှင်း သလို လွယ်လည်း မလွယ်ဘူး၊ ချင်ရှု ကတော့ တကယ့်ကို ယုံကြည်မှု ရှိပုံပဲ။ ”
“ ဟား ဟား ဟား ... ၊ သူက ချင်ရှုလေ ဘာလို့ မဖြစ်နိုင် ရမှာလဲ။ ”
ချင်ရှု ဂုဏ်သတင်းမှာ အမှန်တကယ် ကျော်ကြား လွန်းသောကြောင့်၊ လူ အများက သူ့ အပေါ်၊ အကောင်း မြင်၏။
ချင် မိသားစု အကြီး အကဲ များမှာ၊ ချင်ရှုနှင့် မိသားစု အတွက် အခွင့်အရေး ဖြစ်သဖြင့်၊ စိတ်လှုပ်ရှား လာကုန်သည်။
ထိုမြင်ကွင်းအား အဖြူရောင် မျက်နှာဖုံး တပ်ဆင် ထားသော လူငယ် တစ်ဦးက၊ လူအုပ် ကြားမှ မျက်တောင် မခတ် စိုက်ကြည့် နေသည်။
ထိုလူငယ်မှာ လင်းယွန် ဖြစ်ပြီး၊ ဓားသေတ္တာ အစား၊ ပန်းသင်္ချိုင်း ဓားအလွတ် ကိုသာ လက်မှ ကိုင်ဆောင် ထား၏။
သည်လူကို သူ ကောင်းကောင်း မှတ်မိ ပေသည်။ နက်နဲ ခေါင်းလောင်း အတွင်း ပိတ်မိ နေစဉ်၊ အပြင်မှ နေ၍၊ သူ့အား ‘ဓားကျွန်’ဟု ခေါ်ဆို ခဲ့သူ ဖြစ်သည်။
“ ချင်ရှု ... ၊ မင်း ဘယ် စင်မြင့်ကို ရွေးမှာလဲ။ ”
အုပ်စိုးရှင် သုံးပါးရှိ အကြီးအကဲ တစ်ဦးမှ၊ စူးစမ်း ဟန်ဖြင့် မေးမြန်း လိုက်သည်။ ထိုအပြု အမူ အရ၊ ကောင်းကင် တောင်ကုန်း မြို့၏ ပါရမီရှင် ခုနစ်ဦး အပေါ်၊ အာရုံစိုက် နေမှန်း သိသာ စေသည်။
ချင်ရှုက ပြုံးလျက်၊ ယန္တရား ရုပ်တုထံ မော့ကြည့်ကာ၊
“ ကောင်းကင် မိစ္ဆာ ခန်းမ။ ”
-ဟု ပြန်ဖြေ လိုက်၏။
ဤသည်မှာ အံဩ စရာ မဟုတ်ချေ။ ပါရမီရှင် ခုနစ်ပါး အနက်၊ အသန်မာ ဆုံးသော ရုပ်ခန္ဓာကို၊ ပိုင်ဆိုင် ထားသည်။
စကား ဆုံး သည်နှင့်၊ ယန္တရား ရုပ်တု ရှိရာ၊ စင်မြင့်ထံ ခုန်တက် လိုက်သည်။ ဟောက်သံနှင့် အတူ ရုပ်တု အသက်ဝင် လာချိန်၌၊ ချင်ရှု နောက်၌ ရက်စက် ကြမ်းကြုတ်သော မျောက်ဝံ တစ်ကောင်၊ ထွက်ပေါ် လာသည်။
“ ဝှစ် ... ။ ”
ထို့နောက် ယန္တရား ရုပ်တုက၊ ကောင်းကင်ပေါ် ခုန်တက် လာပြီး၊ ချင်းရှုအား လက်သီးဖြင့် လှမ်းပစ် လိုက်သည်။
ချင်ရှုမှ သတိ လက်လွှတ် မနေ ဝံ့ဘဲ၊ လေးနက်သော အမူအရာ ပြသ လာသည်။ ညာ လက်မောင်း တစ်ဖက်လုံး၊ လျင်မြန်စွာ ကြီးထွား လာပြီး၊ မျောက်ဝံ တစ်ကောင်၏ လက်ကဲ့သို့ ပြောင်းလဲ သွား၏။
လက်နှစ်ဘက် ထိပ်တိုက် တွေ့ဆုံ ပြီးနောက်၊ ကျယ်လောင်သော ပေါက်ကွဲ သံများ ဖြစ်ပေါ် လာသည်။
ထို့ကြောင့် ချင်ရှုမှ လက်ဖဝါး သုံးချက် ထပ်မံ ထုတ်ဖော် လိုက်ရ၏။ လက်ဖဝါး တစ်ချက် စီ၌၊ ကြောက်စရာ ကောင်းသော မိစ္ဆာ ရောင်ဝါများ ဖုံးလွှမ်း နေသည်။
တစ်ဖက်တွင် လက်ဖဝါး ငါးချက် ပြည့်သည်နှင့်၊ ချင်ရှု နှုတ်ခမ်းမှ သွေးများ စီးကျ လာသည်။ ကောင်းကင် မိစ္ဆာ ခန်းမ၏ စမ်းသပ် မှုမှာ၊ သူ ထင်ထား သည်ထက် ပို၍ ခက်ခဲ နေ၏။
“ နတ်ဆိုး မျောက်ဝံ အသွင်ပြောင်း ... ။ ”
ချင်ရှုက ကြုံးဝါး လိုက်ပြီး ခြောက်ကြိမ်မြောက် လက်ဖဝါးကို ထုတ်လွှတ် လိုက်သည်။
လက်ဝါး မလွှတ်မီ ကြွက်သားများ ဖောင်းကား လာကာ၊ သားရဲ တစ်ကောင် ကဲ့သို့၊ လုံးလုံး လျားလျား ပြောင်းလဲ သွားသည်။
ထိုလက်ဝါးကြောင့် ရုပ်တုမှ ပိတ်ဆို့ ထားသော ကြက်သွေးရောင် အရှိန် အဝါမှာ၊ လွင့်စဉ် ကုန်၏။
၎င်းကို မြင်သည်နှင့်၊ စင်မြင့်ပေါ် တက်ရန် အခွင့်အရေး ရရှိ သွားသဖြင့်၊ ချင်ရှု တစ်ယောက် မျက်ဝန်းများ တောက်ပ လာသည်။
“ မဆိုး ပါဘူး၊ လက်ဝါး ငါးချက် သုံးပြီး စမ်းသပ်မှုကို ကျော်ဖြတ် နိုင်တယ်။ ”
ကောင်းကင် မိစ္ဆာ ခန်းမ အကြီး အကဲက ချင်ရှုကို ကြည့်ပြီး ခေါင်းညိတ် လိုက်သည်။ ထိုချီးကျူး စကားကြောင့်၊ ချင်ရှု တစ်ယောက် ရွှင်မြူး သွား၏။
“ ဟား ဟား ဟား ... ။ ”
စမ်းသပ်မှု အောင်မြင်သွား သည်ကို မြင်လိုက်ရ သဖြင့်၊ ချင် မိသားစုမှာ ဝမ်းသာ အားရ၊ ရယ်မော လိုက်ကြသည်။
သိပ်မကြာခင် မှာပင် လူတိုင်းက စမ်းသပ်မှု၊ ဖြေဆိုရန် တက်လာ ကြသည်။ သို့သော် အောင်မြင်မှု နှုန်းမှာ၊ ဆိုးရွား လှချေ၏။
အချို့မှာ နံရိုး ကျိုးခြင်း သို့မဟုတ် သွေးမြူများ အဖြစ် ပြောင်းလဲခြင်း၊ စသည့် နည်းလမ်း များဖြင့် သေဆုံးကုန် ကြသည်။
ဤရလာဒ်အား ကြည့်ပြီး၊ လူတိုင်း ထိတ်လန့် လာ၏။ ထိုအချိန်တွင် မြောက်ပိုင်း နှင်းစံအိမ်၏ စမ်းသပ်မှုမှာ၊ ပို၍ ကြောက်စရာ ကောင်းပေသည်။
စင်မြင့် ပေါ်ရှိ ဓားရှည် များက၊ တောက်ပသော အလင်းများ ထုတ်လွှတ်လျက်၊ တက်ရောက်လာ သူတိုင်းကို နှစ်ပိုင်းခွဲ ပစ်လိုက် သည်။
ဤစမ်းသပ်မှုမှာ စိန်ခေါ်သူ ခွန်အားပေါ် မူတည်ပြီး၊ စမ်းသပ်ခြင်း ဖြစ်၏။ စိန်ခေါ်သူ အားကောင်းနေ သမျှ၊ ဓားများ ပို၍ အသက်ဝင် လာမည် ဖြစ်သည်။
ပို၍ စိတ်ဝင်စား စရာ ကောင်းသည်မှာ၊ ခရမ်းရောင် လရောင်မင်း တစ်စင်းသာ ရှိသော၊ အလင်း အမှောင် လမင်း ကမ္ဘာ စင်မြင့် ဖြစ်၏။
ထိုစင်မြင့် ပေါ်သို့ ချဉ်းကပ်ရန် ကြိုးပမ်း သူများ ရှိသော်လည်း၊ ထိတ်လန့်ဖွယ် သေဆုံး ခြင်းဖြင့်၊ ရှုံးနိမ့် သွားကုန် ကြသည်။
ထို့ကြောင့် အားလုံးက ကောင်းကင်တွင် တောက်ပ နေသော လကို တိုက်ရိုက် မကြည့်ဝံ့ တော့ချေ။
မျက်နှာဖုံး အောက်ရှိ လင်းယွန်၏ မျက်လုံးများ မှေးစင်း သွားသည်။ သွေးမိစ္ဆာ ကျမ်းကို၊ အလင်းအမှောင် လမင်း သုတ္တန်မှ၊ ဖန်တီး ခဲ့ခြင်း ဖြစ်၏။
ဤနည်းစနစ်ဖြင့် ပတ်သတ်ပြီး၊ မိစ္ဆာ ဆန်သော အငွေ့အသက် အချို့အား ခံစား ရစေ သည်။
ခရမ်းရောင် လကို ကြည့်ပြီးနောက်၊ မည်သူမျှ ထပ်မံ မစမ်းသပ် ရဲတော့ချေ။
ဆန့်ကျင်ဘက် အနေနှင့်၊ ကောင်းကင် မိစ္ဆာ ခန်းမနှင့် မြောက်ပိုင်း နှင်းစံအိမ် အတွက်သာ၊ တိုက်ပွဲဝင် လာကြသည်။
သိပ် မကြာခင် မှာပင် ပါရမီရှင် ခုနစ်ပါး လှုပ်ရှား လာတော့၏။ ဦးစွာ ကောင်းကင် တိမ်လွှာ ဂိုဏ်း၏ အူယန်ယောင်မှ၊ စတင် လာသည်။
ကောင်းကင် တိမ်လွှာဂိုဏ်း ဟူသည်၊ အုပ်စိုးရှင် သုံးပါနှင့် နှိုင်းယှဉ် ပါက အမှိုက် ဂိုဏ်းမျှ သာဖြစ်၏။
ထို့ကြောင့် အုပ်စိုးသူ အင်အားစု သုံးခု အနက်မှ၊ ကောင်းကင် ဝိညာဉ် နယ်ပယ်၊ အကြီး အကဲ တစ်ဦး၏၊ တိုက်ရိုက် တပည့် ဖြစ်လာမည် ဆိုပါက၊ များစွာ ကောင်းမွန် မည်မှာ သေချာသည်။
ပါရမီရှင် ခုနှစ်ပါး အနက်၊ လင်းယွန်ကို သတ်ပစ် မည်ဟု ဦးစွာ ကြေငြာခဲ့ သော်လည်း၊  သူရဲဘော ကြောင်စွာဖြင့် ထွက်ပြေး သွားခဲ့ သည်။
အဆုံးတွင် လင်းယွန်အား နက်နဲ ခေါင်းလောင်း အတွင်း ပိတ်မိချိန် မှသာ၊ အရှက် မရှိ ထွက်ပေါ် လာရဲ ချေ၏။
စင်မြင့် သုံးခုအား တစ်ချက် စစ်ဆေး ပြီးနောက်၊ အူယန်ဟောင်က ကောင်းကင် မိစ္ဆာ ခန်းမ စင်မြင့် ပေါ်သို့၊ ဆင်းသက် လိုက်သည်။
လက်ဖဝါး ခြောက်ချက် နှင့်အတူ၊ သွေးအန်လျက်၊ စမ်းသပ်မှုအား ဖြတ်ကျော် ဆင်းသက် လာသည်။
စင်မြင့်ပေါ် ရောက်ချိန်တွင်၊ ကြိုတင် ရောက်ရှိ နေသော ချင်ရှုမှ ခေါင်းညိတ် အသိ အမှတ် ပြုလိုက်၏။
စင်မြင့် များမှာ၊ အန္တရာယ်များ သည်ဟု ဆိုနိုင် သော်လည်း၊ ကောင်းကင် မိစ္ဆာ ခန်းမ၏ စမ်းသပ်မှုသည် အလွယ် ကူဆုံး ဖြစ်လေသည်။
ခဏ အကြာတွင် ဂျင် ညီအစ်ကိုက မြောက်ပိုင်း နှင်းစံအိမ်ကို ရွေးချယ်လျက် စတင် လိုက်သည်။
သူတို့နှစ်ဦး စင်မြင့်ပေါ် မတက်မီ ဓား (၉)လက် အသက်ဝင် လာသဖြင့်၊ ဝှက်ဖဲများ အသုံး ပြုကာ၊ ဖြတ်ကျော် လိုက်ရသည်။
ထို့နောက်တွင် ဂူယန်က ကြိုးစား လာ၏။ ဂျင်ညီအစ်ကို များကဲ့သို့ပင်၊ မြောက်ပိုင်း နှင်း စံအိမ်ထံ ရွေးချယ် ခဲ့ပြီး၊ ဓား (၈)လက်အား အသက်ဝင် သွားစေသည်။
လူအုပ်ကြီးက သူ့အစား၊ ချွေးသီးများ စီးထွက် လာသည်။ သို့သော် ဂူယန်မှ၊ သိုင်းဝိညာဉ်အား ဆင့်ခေါ် လိုက်၏။
ဓားရှည် များက ကောင်းကင်မှ၊ ထိုးကျ လာသဖြင့်၊ ၎င်းတို့ကို အနိုင် ယူရန် သိုင်းဝိဉာဉ် အပေါ်၊ အားကိုး ခဲ့ရသည်။
ဤမြင်ကွင်းက ဂျင် ညီအကိုအား၊ မျက်နှာပျက်ယွင်း သွားစေသည်။ သူတို့ နှစ်ဦး အနေဖြင့်၊ ဓား(၉) လက်သာ လှုပ်ခတ် နိုင်ခဲ့ သော်လည်း၊ တစ်ဖက် လူမှာ ဓား (၈)လက် တိတိ၊ အသက်ဝင် နိုင်ခဲ့၏။
မြောက်ပိုင်း နှင်းတောမှ၊ အကြီး အကဲ အများစုမှာ၊ ဂူယောင်းအား အသိအမှတ် ပြုဟန် ဖြင့်၊ ခေါင်းညိတ် လာကြသည်။
ဤစင်မြင့် များမှာ ကောင်းကင် တောင်ကုန်း မြို့ရှိ၊ ပထမတန်းစား ပါရမီရှင် ခုနစ်ပါး အတွက်သာ ဖြစ်သည်ဟု၊ သူတို့ သိရှိ ထားချေ၏။

ကြီးမြတ်သောသခင် (သို့) ပန်းသင်္ချိုင်းဓားသမား(လင်းယွန်) Book 1 Ongoing မှီDove le storie prendono vita. Scoprilo ora