"ဝါးး..လိပ်ပြာပဲ"
အစိမ်းရောင်သမ်းသောမျက်ခင်းပြင်ကျယ်ကြီးထဲတွင်ဟိုတစ်စဒီတစ်စထွက်နေသောမြှောက်ကိုင်ထားတဲ့ပိုက်ကွန်အသေးစားလေးတစ်ခု
မည်သူကိုင်ထားသလဲမသိရလောက်အောင်ပင်မြက်ပင်ရှည်ကြီးတွေကယိမ်းထိုးနေခဲ့သည်မို့ဆွန်းမင်မှာသူအခြောက်လှမ်းထားတဲ့ဆေးမြစ်တွေကိုသိမ်းနေရာကနေ မြက်ခင်းပြင်ကြီးဆီကိုပြေးရတော့သည်
"အွန်းဗြောရေ ဟေး အဲ့ဒီ့ဘက်မသွားရဘူး"
ပြေးလွှားနေတဲ့ပန်းနုရောင်ပုံရိပ်သေးသေးလေး
ခြောက်နှစ်အရွယ်သာရှိသေးတဲ့အွန်းဗြောလေးကသေးသေးကွေးကွေးလေးနဲ့ဆော့တာတော့အရမ်းကိုဆော့ပါသည်အခုလဲပိုက်ကွန်ကြီးယူပြီးလိပ်ပြာတွေကိုလိုက်ဖမ်းတာနဲ့တင်ပျော်နေပါ၏
"အွန်းဗြော အဝေးကြီးမသွားနဲ့နော်"
"ခဏလေးပါ ဖေဖေ
လိပ်ပြာဖမ်းပြီးပြန်လာခဲ့မယ်"လိပ်ပြာတောင်လိုက်ဖမ်းတဲ့ဗီဇကဘယ်သူ့ဆီကလဲတော့မသိပေမဲ့
ဒီကလေးငယ်ငယ်လေးစိတ်ချမ်းသာဖို့သာအရေးကြီးသည်မို့လွှတ်ထားပေးလိုက်ရ၏
သနားစရာကောင်းတဲ့ကလေးလေး
မည်သူကစွန့်ပစ်လိုက်လဲမသိပေမဲ့ရေထဲခြင်းတစ်လုံးနဲ့မျောပါလာတဲ့လက်တစ်ဝါးကျော်ကျော်သာရှိတဲ့ကလေးလေးကိုဆေးမြစ်သွားတူးရင်းတွေ့ခဲ့တာမို့လို့စောင့်ရှောက်ပေးခဲ့တာခြောက်နှစ်တောင်ကျော်ပြီသနားစရာအွန်းဗြောလေးကိုငယ်ငယ်ထဲကမေမေဘယ်မှာလဲလို့မမေးတာပဲကျေးဇူးတင်ရမည်
ရွာအနီးနားကလူတွေပြောနေကျတဲ့ကလေးသာသာလူပျိုလေးကမွေးကင်းစကလေးတစ်ယောက်ကိုချီခေါ်လာပြီးထဲကဆွန်းမင်
သူဟာအသက်ငယ်ငယ်ကလေးအဖေတစ်ယောက်ဖြစ်ခဲ့တာဖြစ်ပြီး
ဒီကလေးမှာအမေမရှိဘူးဆိုတဲ့စကားကို
တော့အွန်းဗြောလေးမကြားအောင်အတတ်နိုင်ဆုံးရှောင်ဖယ်နေရာမှနောက်ဆုံးတော့ရွာပြင်မှာပဲနှစ်ယောက်ထဲအခြေချရတော့၏"ဖမ်းမိပြီ ဖေဖေ ဒီမှာကြည့်"
ပိုက်ကွန်ထဲကမိလာတဲ့လိပ်ပြာအရောင်စုံနှစ်ကောင်ကိုအွန်းဗြောကအပြေးလေးလာပြတာမို့ဆွန်းမင်လဲအွန်းဗြောရဲ့လက်ထဲကပိုက်ကွန်ကိုဖြည်ချကာလိပ်ပြာလေးတွေကိုပျံသန်းခွင့်ပေးလိုက်သည်