"စောင်အပိုတစ်ထားထည်ပေးလိုက်ပါ"
နောက်ဆုံးတော့လဲ သူ့လက်ကပတ်တီးကိုပြန်စည်းပေးမယ်ဆိုတဲ့ကောင်လေးဟာနှစ်ခြိုက်စွာပဲအိပ်ပျော်နေပြီမို့လို့ဘေးနားကရှိတဲ့နန်းတွင်းသူတွေကိုပဲခေါ်ပြီးစောင်အပိုနဲ့မီးဖိုပေးဖို့အတွက်မနက်အတွက်စားဖို့သောက်ဖို့ပါစီစဉ်ဖို့မှာပြီးတော့မှအိပ်ဆောင်ကိုပြန်ခဲ့သည်
အနည်းဆုံးတော့နွေးနွေးထွေးထွေးနေနိုင်တဲ့အရိပ်တစ်ခုကိုသူဖန်တီးပေးနိုင်ရင်ကျေနပ်ပြီ
သံယောဇဉ်တွေဟာထပ်ပြီးမတွယ်တာပဲကောင်းမယ်မလား မနက်ကျရင်သူတို့ကထွက်သွားမှာဝမ်ချန်းသူ့အဆောင်အပြန်လမ်းကိုလျှောက်လာ၏ ဒီနေ့စိတ်တွေဘာမှန်းမသိပါပဲနှင့်နည်းနည်းပေါ့ပါးနေသယောင်ရှိသည်
နန်းတော်ထဲမှာအိမ်ရှေ့စံမိဖုရားသက်ရှိထင်ရှားရှိတုန်းထဲကစီမံချက်ဖြင့်ဆောက်လုပ်ထားတဲ့ကြာကန်အကြီးကြီးရှိသည်
အဲ့ဒီ့ဘက်ကသွားရင်လဲအိပ်ဆောင်စီကိုတန်းပေါက်တာမို့လာ လေအေးအေးလေးကိုတစ်ဝကြီးရှူရှိုက်မယ်ဟုဝမ်ချန်းလဲတွေးလျက်ကြာရေကန်ကြီးရှိရာဘက်ကဖြတ်လျှောက်တော့၏
မည်သူမှလဲမရှိသည့်အပြင်လျှောက်လမ်းတစ်လျှောက်မီးအိမ်တွေကိုမပျက်ထွန်းထားစေချင်းကကန်ရေပြင်ကအလင်းရောင်ကိုထင်းနေစေ၏
ဝမ်ချန်းကန်ကြီးရဲ့အလည်တည့်တည့်ကနားနေအပန်းဖြေဖို့ဆောက်လုပ်ထားတဲ့အမိုးလုံတဲ့နေရာမှာရပ်နေပြီကန်ကြီးကိုတစ်ဆုံးအထိကြည့်လိုက်သည်
ကြာကန်ကြီးမှာပန်းတွေမပွင့်တော့တာခြောက်နှစ်ရှိသွားပြီ
"ခြောက်နှစ်တောင်ရှိပြီပဲ"
ပိုင်ဆိုင်သမျှအားလုံးကိုဆုံးရှုံးလိုက်ရတာခြောက်နှစ်
နန်းတွင်းတစ်ခုလုံးသွေးစွန်းခဲ့တာတွေနဲ့အတူမပျောက်ပျက်သွားတော့သမိုင်းတွေကိုကိုယ့်လက်နဲ့ကိုယ်ရေးထိုးခဲ့သည်"တစ်ယောက်ထဲလား မင်းကြီး"
"မင်းမပြန်သေးဘူးလား"
တစ်ဖက်ကနေအပြန်လမ်းကိုလျှောက်လာတဲ့ကိုယ်ရံတော်ရှင်းနဲ့စုံတော့ခဏလောက်ရပ်နေမိသေးသည်