ဝုန်းကနဲအိပ်ရာမှနိုးလာသောခံစားချက်
ဆွန်းမင်သူအိပ်နေတဲ့အောက်ဘက်ကကောက်ရိုးခြောက်တွေကိုလက်နဲ့ကျစ်နေအောင်ဆုတ်ထားမိသည်အဖန်တလဲလဲခြောက်ခြားမှုတွေဒီရင်မှာပြည့်ကြပ်နေပါ၏
ရင်ခွင်ထဲကအဖိုးတန်လေးကိုတစ်စုံတစ်ယောက်ကသူ့ဆီကနေလုယူသွားချေပြီ
စိမ်းသက်သက်ပတ်ဝန်းကျင်ဆီမျက်လုံးကိုဝှေ့ကြည့်လိုက်တဲ့အခါထူးခြားတဲ့မြေအောက်လှိုဏ်ဂူလိုနေရာမျိုးမှာဖြစ်သည် ကျောက်သားနံရံတွေဖြစ်တာနဲ့အတူပတ်ပတ်လည်ကာရံထားတဲ့အတားအဆီးတွေသည်သံထည်ပစ္စည်းတွေချည်း
အနားမှာဘယ်သူမှလဲမရှိသလိုမီးတိုင်နှစ်တိုင်ကိုထွန်းထားရုံမှလွဲပြီးရဲမက်တစ်ယောက်တောင်မရှိပါ"အွန်းဗြော!"
သတိဝင်ဝင်ချင်းမှာအော်ခေါ်မိတာ ကျွန်တော်ကလေးသေးသေးလေးရဲ့နာမည်
"ကျွန်တော့်သမီးအွန်းဗြော ဘယ်မှာလဲ!!"
ခြေထောက်တွေကလဲနည်းနည်းမှလှုပ်လို့မရသလိုထွက်ပြေးလို့မရအောင်ခတ်ထားတဲ့သံခြေကျင်းတွေဟာလေးလေးလံလံ
ဒါ့အပြင်သိပ်မဝေးတဲ့နေရာမှာရှိနေတဲ့ကျောတစ်ခင်းစာနေရာပေါ်ကထမင်းဆုတ်နှစ်လုံးအကျဉ်းချထားလိုက်တာပဲ
သာမန်အကျဉ်းထောင်လိုမျိုးတောင်မဟုတ်
နန်းတော်တွင်းကပုန်ကန်သူတွေကိုအပြစ်ပေးတသေဒဏ်မစီရင်ခင်အကျဉ်းချထားတဲ့နေရာမျိုးဖြစ်သည်ဒါဆိုရင် သူ အခု သေရတော့မှာလား
ဘာလို့အွန်းဗြောကမှဒီလိုနေရာရဲ့သွေးသားတစ်ယောက်ဖြစ်နေရတာလဲ
ဒီခြောက်နှစ်လုံးအတူတူဖြတ်သန်းလာတဲ့သူ့ကလေးလေးကလေ"တောင်းပန်ပါတယ် တောင်းပန်ပါတယ်ဗျာ အွန်းဗြောကိုပြန်ပေးပါ"
ဘဝရဲ့အမှောင်မိုက်ဆုံးအချိန်တွေကကျရောက်လာပြီထင်သည်
ဘာရယ်လို့များတိုက်တိုက်ဆိုင်ဆိုင်အဲ့ဒီ့လူနဲ့တွေ့ပြီးအဲ့ဒီ့လူကသူ့ကိုဒီနေရာကိုခေါ်လာတဲ့အထိတကယ်ဆိုလျှင်အတတ်နိုင်ဆုံးပြေးနိုင်သမျှလွတ်အောင်ပြေးခဲ့ရမှာ