"အဲ့ဒီ့ကလေးကိုသိတယ်"
"ရူးနေတာလား သိတာနဲ့ဘယ်လိုလုပ်ပေးရမှာလဲ"
လူမြင်နိုင်တဲ့အနေအထားမှာမတ်တပ်ထရပ်နေတဲ့ဝမ်ချန်းကိုရန်ဟွာကဆွဲထားသည်
သိတိုင်းသာကယ်ပေးရမယ်ဆိုရင်ဂျိုဆွန်းဟာသူများနိုင်ငံလက်အောက်ရောက်နေတာဘယ်လောက်ကြာပြီလဲဝမ်ချန်းကသူ့ရဲ့ဝတ်ရုံစအောက်ပိုင်းကိုဗြိကနဲဖြဲလိုက်သည်
ပြီးတော့မျက်လုံးအောက်ပိုင်းကနေပြီး မျက်နှာကိုလုံအောင်ခေါင်းအနောက်မှာချည်နေတာမို့"ရူးနေလား ကလေးတစ်ယောက်လောက်နဲ့ ပြဿနာတွေဖြစ်လာရင်မင်းတာဝန်ယူမလားလို့"
ရန်ဟွာကအသင့်ဖြစ်နေတဲ့ဝမ်ချန်းကိုအတင်းကန်ပြီးဆွဲထားသည်
မရဘူး လွှတ်လိုက်လို့မဖြစ်
အခုနေသာတစ်ခုခုဖြစ်ကြည့် အိမ်ရှေ့မင်းသားမပြောနှင့် သမိုင်းမှာနာမည်ဆိုးတွင်သွားနိုင်သည်ဝမ်ချန်းကရန်ဟွာရဲ့ပခုံးကိုဓားအိမ်နဲ့ဆောင့်ကနဲတစ်ချက်ရိုက်ချလိုက်၏ အားကပါတာကြောင့်ချက်ချင်းလွှတ်ပေးပြီးကိုယ့်ပခုံးကိုယ်ဖိကိုင်ထားတဲ့ရန်ဟွာကိုအဝေးကယူရှင်းကမြင်တဲ့အခါနှစ်ယောက်သားတစ်ခုခုဖြစ်ပြီအထင်နှင့်မြင်းတွေကိုသစ်ပင်တစ်ခုမှာချိတ်လျက်အမြန်ပြေးသွားခဲ့သည်
"ဘာဖြစ်နေကြတာလဲ"
"ဖယ်စမ်း! မင်းအမေလည်း ဒီလိုဆွဲခေါ်ခံသွားရတာ ထပ်ပြောရင် ငါ မင်းဘက်ကိုပါဓားဦးလှည့်ဖို့ဝန်မလေးဘူးရန်ဟွာ"
အဲ့ဒီ့တစ်ခွန်းပဲပြောပြီးဝမ်ချန်းကမျက်နှာကိုပဲမမြင်ရအောင်အုပ်ကာလျက်ဓားအိမ်ထဲကဓားကိုဆွဲထုတ်ပြီး ဖမ်းသွားတဲ့လူတန်းကြီးဆီကိုတန်းနေအောင်ပြေးသွားသည်
ယူရှင်းကအခြေအနေကိုမသိသေး
ဘာလဲမေးတော့ရန်ဟွာကမဖြေဘဲပခုံးနာနေတာကိုဖိကိုင်လျက်မြင်းတွေဘက်ကိုပြေးသွားတဲ့အခါ
ဘယ်သူ့ဘက်ကိုလိုက်ရမှန်းမသိတဲ့သခင်လေးယူရှင်းဟာ တစ်ကနေတစ်ဆယ်အထိရေပြီးလျှင် မြင်းတွေရှိတဲ့ဘက်ကိုဦးတည်ပြီးပြေးသွားသည်"တောပုန်းဓားပြတွေဟေး!!"
လယ်ကွင်းပြင်ကြီးအလာ်မှာဝမ်ချန်းကဓားတစ်ချောင်းကိုင်လျက်ရှေ့ဆုံးကဦးဆောင်တဲ့အခါဘေးကနေယူရှင်းနဲ့ရန်ဟွာကမြင်းတစ်ယောက်
တစ်ကောင်နဲ့လိုက်လာပြီး မြှားပါတဲ့ယူရှင်းကလူစုကွဲသွားစေရန်မြှားတစ်ဆင်းကိုမိုးပေါ်ပစ်တင်လိုက်သည်