Final yearကပြဿနာကောင်။
ဘ၀ဟာအဖြစ်၊ဖြစ်ခြင်းဟုအထက်တန်းအရွယ်မှာငါသင်ကြားခဲ့ရသည်။စိတ္တသုခပညာရှင်တွေကတော့'ဘ၀'ဟာမိမိရွေးချယ်မှုလို့ဆိုကြ၏။
ဘ၀ကိုအရောင်ကာလာအမျိုးမျိုးဖြင့်ဖော်ပြနိုင်သည်။များသောအားဖြင့်အရောင်တောက်တောက်တွေဖြင့်ပေါ့။
ထိုထဲတွင်ငါ့ဘ၀၏ကာလာကိုဖော်ပြရလျှင်မိုနိုခရုန်းလောကထဲကမီးခိုးရောင်ဖြစ်သည်။တစ်နည်းဆိုသော်အဖြူအနက်ကြားက ကြားခံနယ်အရောင်ဖြစ်၏။
မိုးရာသီရဲ့စိုရွဲရွဲခံစားချက်ကိုငါသဘောမကျသလိုမျိုးသိပ်လည်းမနွေးသိပ်လည်းမအေးသည့်မှိုင်းဖျော့ဖျော့နွေဦးကိုငါကပိုသဘောကျတတ်သည်။
အဖြေမရှိတဲ့မေးခွန်းတွေကိုထုတ််ရတာဟာနှစ်လိုဖွယ်ကောင်းပြီးခက်ခဲတဲ့သင်္ချာဉာဏ်စမ်းပုဒ်စာတွေကိုတွက်ချက်ရခြင်းကစိတ်အပန်းပြေစေသည်။
Faculty of lawမေဂျာဖြင့်2nd yearတွင်တက်ရောက်နေသည့်ငါ့အတွက်တော့ဥပဒေမူကြမ်းစာအုပ်ထူကြီးများကြားတွင်သာနစ်မြုပ်နေခဲ့၏။
Bioလိုင်းကိုစိတ်၀င်စားသော်ငြားငယ်ငယ်ထဲကအိမ်ထောင်ဦးစီးတာ၀န်ကိုပခုံးပေါ်ထမ်းပြီးငါ့အတွက်ရုန်းကန်ပေးနေသည့်မေမေကြောင့်law majorကိုယူခဲ့ရခြင်း။
ငါ၁၆နှစ်အရွယ်မှာအမှုသည်တစ်ယောက်ရဲ့အမှုကိုကိုင်ရသည့်အဖေဟာမသမာသူအချို့ရဲ့လုပ်ကြံခံရခြင်းကြောင့်ဆုံးပါးသွားခဲ့၏။
မမျှတသောတရားသူကြီး၏စီရင်ချက်နှင့်အတူအမှုဟာထောင်ဒဏ်၄နှစ်နှင့်သာပြီးသွားခဲ့သည်။ထိုအချိန်ကစပြီးငါ့ဘ၀ရဲ့ရည်မှန်းချက်ဟာပြောင်းသွားခဲ့၏။
ဖြစ်ချင်သည့်ဆရာ၀န်လိုင်းအားလက်လွှတ်ပြီးဥပဒေမေဂျာသို့ငါရောက်အောင်လျှောက်ခဲ့ခြင်း။နေ့မနားညမအိပ်ကြိုးစားပြီးစာလုပ်ခဲ့ရခြင်းဟာတန်ပါသည်။
ထိုင်းနိုင်ငံ၏နံပတ်၁chulalongkornတက္ကသိုလ်တွင်စကောလ်လားရှစ်ကျောင်းသားတစ်ယောက်အနေနဲ့ငါတက်ရောက်ခွင့်ရခဲ့၏။
မိသားစုအခြေအနေကိုပြောရရင်အများကြီးအဆင်မပြေ
သည်တော့မဟုတ်။အတော်အသင့်ချမ်းသားသည့်စာရင်းထဲတွင်ပါ၀င်သည်။
YOU ARE READING
Boyfriend material (geminifourth ff✅)
FanfictionYou ain't my boyfriend။ fanfiction main characters-Geminifourth total chapter-7 hope you guys enjoy this💓