ကိုယ့်အပိုင်ဖြစ်ဖို့ပြင်ထားပါ။
နွေဦးရဲ့လေပြေနှင့်အတူသင်းပျံ့နေသည့်ချယ်ရီပန်းနံ့ကလေးတွေကကျောက်စရစ်လမ်းကလေးတစ်လျှောက်ပြေးလွှားနေ၏။
သိပ်သဘောကျတဲ့ရာသီကိုပြန်ရောက်လာရတဲ့ခံစားချက်ကလေးဟာဘာနှင့်မှလဲမရနိုင်အောင်လန်းဆန်းပြီးဆန်းသစ်နေသည်။
နွေဦးကိုဒါတွေကြောင့်သဘောကျမိနေခြင်း။ထိုင်းနိုင်ငံရဲ့အကျော်ကြားဆုံးchulaတက္ကသိုလ်ကြီးလူစည်နေတဲ့အခါသိပ်ကိုကြည့်လို့ကောင်းပါသည်။
မေဂျာအသီးသီးမှာစာသင်နေတဲ့လူတွေရယ်။ကန်တင်းထိုင်နေတဲ့လူတွေရယ်။တစ်စုတစ်ဝေးထဲပျော်ပါးနေကြတဲ့လူတွေရယ်။မြက်ခင်းစိမ်းစိမ်းတွေနှင့်ကွင်းပြင်ကျယ်ကြီးရယ်။
လက်ထဲကပန်းနုရောင်ဘောပင်လေးအားချလိုက်ပြီး ပြီးဆုံးသွားပြီဖြစ်သည့်အိုလံပစ်သင်္ချာစာအုပ်ကိုပိတ်ချလိုက်သည်။
ပေါ့ပါးသွားသည့်စိတ်နှင့်အတူတစ်နှစ်တာရဲ့တာ၀န်ကြီးပြီးသွားသလိုမျိုးငါပြုံးကာလက်ကိုဆန့်ထုတ်လိုက်ရင်းတစ်ချက်သန်းဝေလိုက်၏။
စစ်မှန်တဲ့ဖော်မြူလာတွေကနေအဖြေရှာရတဲ့ပုစ္ဆာတွေ။မေးခွန်းထဲကအဖြေပြန်ရှာရတဲ့ပုစ္ဆာတွေ။အဖြေတွေရှိပြီးမေးခွန်းပျောက်နေတဲ့ပုစ္ဆာတွေ။
တစ်နေ့တာကိုchemistryထဲနှစ်မြုပ်ရင်းဖြေရှင်းခဲ့တဲ့ပုစ္ဆာတွေထဲမှာ'စီနီယာ'ကငါသဘောအကျဆုံးဖြစ်သည်။
သိပ္ပံသဘောထားဖြင့်ဖွင့်ဆိုချက်အရခန္ဓာကိုယ်ကိုတုန်လှုပ်သွားစေသည့်နက်နဲတဲ့ခံစားချက်တစ်ခုကိုပုစ္ဆာတစ်ပုဒ်ဖြေရှင်းရင်းငါခံစားလိုက်ရသည်။
လောကသဘာ၀နှင့်ပြန်ပြင်ပြောရလျှင်'ချစ်ခြင်းမေတ္တာ'ကိုငါထိတွေ့ခဲ့ရ၏။
___________________________________
"ကိုယ့်မင်းသမီးလေး!"
တက္ကသိုလ်၀န်းထဲ၌စက်ဘီးရပ်နေတုန်းနောက်ကျောကအသံကြောင့်ငါ့နှုတ်ခမ်းတွေကသိသိသာသာမဲ့သွား၏။ဒီစီနီယာစုတ်ကတော့!
ငါဆူပုတ်ပုတ်ဖြင့်လှည့်ကြည့်တော့ပုံမသွင်းထားသည့်ဆံပင်တွေကိုတစ်ချက်သပ်ရင်းစီနီယာကငါ့အနားသို့ခြေလှမ်းကျဲကျဲတွေဖြင့်ရောက်လာ၏။
YOU ARE READING
Boyfriend material (geminifourth ff✅)
FanfictionYou ain't my boyfriend။ fanfiction main characters-Geminifourth total chapter-7 hope you guys enjoy this💓