I can't fix it [4]

1.3K 110 38
                                    

ပဟေဠိတွေ။

အလယ်တန်းကနေယခုဒုတိယနှစ်ထိငါမဖြေရှင်းနိုင်ခဲ့သည့်ပုစ္ဆာဟူသည်မရှိ။အဲ့သလောက်ကိုသင်္ချာကိုငါကျွမ်းကျင်ပါသည်။

ဆောင်းနှင့်နွေကြားရာသီကိုသာသဘောကျတတ်ပြီးအဖြူနှင့်အနက်ကြားမီးခိုးရောင်ကိုသာနှစ်သက်၏။ရိုးရှင်းစွာဖော်ပြရလျှင်ငါ့ဘ၀ဟာရိုးရှင်းသည်။

နေ့ရက်တိုင်းကိုထပ်တူညီအောင်ဖြတ်သန်းပြီးဘယ်တုန်းကမှမပြောင်းလဲဖူးသည့်အမေရိကာနိုမီနူးတစ်ခွက်။

နွေဦးသို့ရောက်၍ပွင့်လန်းလာသည့်စိမ်းမြမြရွက်နုကလေးတွေရယ်။ဟေမာန်ငှက်တို့ရဲ့တေးသီသံတွေရယ်။ပြီးတော့အနှောင့်ယှက်ပေးလွန်းတဲ့လူတစ်ယောက်ရယ်။

ဘ၀ထဲ၀င်လာသမျှအထဲမှာမှကိုင်တွယ်ရအခက်ဆုံးပုစ္ဆာတစ်ပုဒ်ကိုဒီတစ်နှစ်မှာငါလက်ဆောင်ရခဲ့၏။ပြီးတော့အဲ့ပုစ္ဆာကိုငါသိပ်မုန်းပါသည်။

စိတ်အနှောင့်အယှက်ပေးလွန်းတဲ့ပုစ္ဆာပဲ။အမေရိကာနိုတွေမခါးတော့အောင်ထိအဲ့ဉာဏ်စမ်းပုစ္ဆာဟာသိပ်နှောင့်ယှက်လွန်းပါသည်။

ပြီးတော့အဲ့ပုစ္ဆာကို ကိုင်တွယ်ဖို့ကိုလဲငါမတွေးခဲ့မိပါ။

_______________________________

"Fourth!"

လမ်းလျှောက်နေတုန်းအနောက်ကနေထွက်ပေါ်လာသည့်အသံတစ်ခု။ချက်ချင်းပဲငါ့နားဖျားတွေရဲတက်သွားခဲ့သည်။ငါခြေလှမ်းတွေကိုပုံမှန်ထက်မြန်မြန်လျှောက်လိုက်၏။

သို့သော်အမှီလိုက်လာသည့်ခြေထောက်ရှည်ရှည်တွေကြားကပြေးမလွှတ်ခဲ့ပါ။နောက်ကနေလွယ်အိတ်ကိုလှမ်းဆွဲလိုက်တာကြောင့်ငါ့ကိုယ်လေးကအနည်းငယ်ယိုင်သွားသည်။

သားကောင်ကိုဖမ်းမိသလိုမျိုးငါ့ထက်အရပ်မြှင့်သည့်စီနီယာစုတ်ကလွယ်အိတ်ကိုနောက်ကနေကိုင်ထားရင်းငါ့အားပြုံးကာစိုက်ကြည့်နေလေ၏။

"စီ..စီနီယာ"

"ကိုယ့်ကိုဘာလို့ရှောင်နေတာလဲfourth"

ခါးကိုကိုင်းကာနီးကပ်လာသည့်မျက်နှာကြောင့်ငါလွယ်အိတ်ကြိုးတွေကိုတင်းအောင်ကိုင်ထားလိုက်၏။ဒီလူကတော့!

Boyfriend material (geminifourth ff✅)Where stories live. Discover now