Sleepy fot and prince gemini[3]

1.1K 135 56
                                    

စီနီယာကနတ်ဆိုးပဲ။

"ရိုမီယိုပဲလုပ်လို့မရဘူးလားဗျာ.."

လက်ထဲကအညွှန်းစာအုပ်ကိုတင်းကြပ်နေအောင်ကိုင်ထားပြီးငါမျက်နှာငယ်လေးဖြင့်စီနီယာအမကြီးအားကြည့်လိုက်၏။

ခေါင်းကို‌တစ်ချက်ကုတ်ရင်းစီနီယာအမကြီးကငါ့ကိုအားနာသလိုကြည့်နေသည်။ဒါကမရဘူးဟုအဖြေပေးနေမှန်းသိသာ၏။

"ပါမောက္ခကfairy tailတွေကြိုက်တော့အမတို့ပရောဂျက်အောင် ရိုက်မှဖြစ်မှာမလို့ပါမောင်လေးရယ်"

ဒီခနလေးမှာပဲငါ့လျှာငါကိုက်ပြီးသာသေလိုက်ချင်သည်။ခပ်လှမ်းလှမ်းကစီနီယာကိုမသိမသာဝှေ့ကြည့်လိုက်တော့သူကပျော်ပျော်ပါးပါးပင်။

တစ်ကယ်ကိုကောင်းကျိုးမပေးနိုင်ဘူး!

"Sleepy beautyလည်းကောင်းပါတယ် ကလေးလေးရဲ့ နော် fotလေးနဲ့လည်းလိုက်မှာပါ"

ငါ့လက်မောင်းများကိုခါယမ်းရင်းစီနီယာအမကြီးကအသံကိုနိမ့်လိုက်ရင်းပြောလာ၏။ငါသက်ပြင်းယဲ့ယဲ့သာချမိသည်။ဂါ၀န်ကြီး၀တ်ရမှာကိုတွေးမိတိုင်းငါ့စိတ်တွေကချဉ်လာ၏။

တစ်ကယ်ပါပဲဂျူးလိယက်အားမရလို့Briar Roseဘက်ရောက်သွားလေသည်။ဒါတောင်ဖိနပ်ကျွတ်တဲ့ဟိုကောင်မလေး မဟုတ်လို့တော်သေး။

"နော်လို့..နော်..အမတို့ကိုကူညီပါနော်.."

လက်တွေကအတင်းခါယမ်းကာအမကြီးကငါ့အားဇီးရွက်လောက်သာကျန်တော့သည့်မျက်နှာထားဖြင့်ဆိုလာပြန်သည်။

"အင်း"

စိတ်မပါသလိုပျင်းတိပျင်းရွဲ့ဖြေလိုက်မှထခုန်မတတ်ပျော်သွားတဲ့အမကြီးပါရယ်။

ကလေးမဟုတ်ကလားမဟုတ်နတ်သမီးပုံပြင်တွေကြိုက်သည့်ပါမောက္ခကိုသာငါအပြစ်တင်လိုက်သည်။

_______________________________

မီးမှောင်းတစ်ခုတည်းသာထိုးထားသည့်ပြဇာတ်ပိတ်ကားနီနီရှေ့ကကုတင်ဖြူတစ်လုံး။

"Briar..ကိုယ့်ရဲ့Briar"

တစ်ဖက်ကနေထွက်လာသည့်ဆံပင်တွေကိုသပ်တင်ထားသည့်လူတစ်ယောက်ဟာဖြေးညှင်းစွာမင်းသားတစ်ပါးလိုလျှောက်လားပြီးကုတင်နံဘေးတွင်ဒူးထောက်ထိုင်၏။

Boyfriend material (geminifourth ff✅)Where stories live. Discover now