စီနီယာကမတရားဆိုးသည်။
နေ့ရက်လိုလိုကိုငါဟာထပ်တူညီစွာဖြတ်သန်းသည်။ပြီးတော့အဲ့တာကလည်းအေးချမ်းသည်။fresher welcomeပါတီကိုမသွားမိခင်အထိကပေါ့။
အခုတော့မနက်ပိုင်းဘတ်စ်စီးရမှာကိုပင်ငါမုန်းနေမိတော့
သည်။taxiခကဈေးကြီး၍သာအောင့်အီးနေရခြင်း။အဲ့တာထက်ဘတ်စ်မစီးချင်တော့သည့်အဓိကအကြောင်းပြချက်ကဟိုစီနီယာစုတ်ကြောင့်ပင်။ငါတစ်ကယ်ကိုစဉ်းစားမရပါ။
သူ့အိမ်နှင့်တောင်နှင့်မြောက်လိုဝေးနေသည့်ဘတ်စ်မှတ်တိုင်သို့ဘာကြောင့်များလာနေသနည်း။တစ်ကယ်ကိုမှတ်တိုင်လာမဲ့အစားတက္ကသိုလ်သွားလျှင်တောင်ရောက်ဦးမည်။
ဘယ်ဘ၀ကအကုသိုလ်တွေများငါ့စီလာပုံနေမှန်းကိုမသိ။တက္ကသိုလ်မှာတွေ့နေရတာမကျေနပ်သေးယခုတော့နိုးလို့မျက်လုံးနှစ်လုံးပွင့်ပြီးမကြာရင်ကိုတွေ့နေရပြီ။
ခုလည်းကြည့်ပုံမှန်အတိုင်းလာနေသည့်ငါ့ကိုလက်လှမ်းပြကာအတောက်ပဆုံးပြုံးပြနေ၏။တစ်ကယ်ပါပဲ!ခြေလှမ်းတွေသာနောက်ပြန်လှည့်ချင်လိုက်သည်။
ပါဝါတိုးထားသည့်မျက်မှန်အားတစ်ချက်ပင့်တင်ရင်းမှတ်တိုင်ခုံတွင်ထိုင်နေသည့်စီနီယာနှင့်ခပ်ခွာခွာတွင်ငါ၀င်ထိုင်လိုက်၏။
ဒါကိုထိုလူဟာသဘောကျသလိုပြုံးပြီးငါ့အနားတိုးလာလေသည်။ထပ်တိုးရင်လည်းပြုတ်ကျရုံပဲရှိတော့မှာမလို့ငါငြိမ်ငြိမ်လေးသာထိုင်နေလိုက်သည်။
အဲ့နောက်မှာပခုံးပေါ်ရောက်လာသည့်လက်တစ်ဖက်နှင့်အတူအစမရှိအဆုံးမရှိသည့်စကားတွေ။စီနီယာဟာတည်ငြိမ်သလိုနှင့်သာလိကာလိုစကားသောက်ရမ်းများ၏။
အဲ့ဒုက္ခတွေကိုfinal yearကအမကြီးတွေမသိပါဘူး။သူတို့ကစီနီယာကိုငမ်းဖို့ပဲသိကြတာ!
ပွစိပွစိသံတွေကြောင့်စိတ်ရှုပ်လာကာအိတ်ကပ်ထဲကဖုန်းကိုထုတ်ပြီးငါကြည့်နေလိုက်သည်။ဒါလည်းဘေးကအသံတွေဟာရပ်မသွားပါ။
ဆွဲလားရမ်းလားမလုပ်ခင်ထိလျစ်လျူရှုလိုက်မည်ဟုသာငါတွေးပြီးစကားများတဲ့စီနီယာကိုဂရုမစိုက်ပဲနေလိုက်တော့
သည်။
YOU ARE READING
Boyfriend material (geminifourth ff✅)
FanfictionYou ain't my boyfriend။ fanfiction main characters-Geminifourth total chapter-7 hope you guys enjoy this💓