2rd yearကကိုယ့်မင်းသမီးလေး။
ချစ်ခြင်းမေတ္တာတွေဟာသိပ်ဆန်းကြယ်သည်။အခန့်မသင်ရင်တောင်မုန်းလှပါသည်ဆိုသည့်လူဟာကိုယ့်ရည်းစားဖြစ်လာနိုင်ပါသည်။
မသိမသာလေးကနေတစ်ဖြည်းဖြည်းစီငါ့ရဲ့မိုနိုခရုန်းကမ္ဘာထဲမှာအရောင်အသွေးစုံလင်လာခဲ့၏။ပြီးတော့အဲ့ခံစားချက်ကနွေရာသီလေးလိုမျိုးနွေးထွေးသည်။
သင်္ချာတွေကနေတစ်ဆင့်မေတ္တာဟာဘာလဲဆိုတာငါသိခဲ့သည်။အချို့သောပုစ္ဆာတွေကတွက်ရခက်ပြီးချိုမြိန်ပါသည်။ဒါကိုလည်းငါသဘောကျပါသည်။
တစ်ခါကစိတ်ရှုပ်ခဲ့ဖူးသည့်စနောက်မှုတွေဟာပျောက်ကွယ်ပြန်တော့လည်းရင်ထဲမှာတစ်ခုခုကလစ်ဟာနေသလိုမျိုး။
ပုံသွင်းထားတဲ့ဆံပင်တွေကိုထိုးဖွတတ်တဲ့လက်တစ်စုံကိုအကြိုက်ဆုံးပါမောက္ခအချိန်မှာတောင်သတိရမိတတ်သလိုမျိုး။
ပြီးတော့ပခုံးကိုလာတင်တဲ့လက်တွေ။ရှင်းခိုင်းခဲ့ဖူးသည့်ကန်တင်းကနေ့လည်စာတွေ။ပေါက်ကရတွေရေးပြီးလုံးချေထားသည့်စက္ကူလုံးတွေ။
အချို့သောအခိုက်တန့်တွေဟာအမှတ်တရတွေဖြစ်လာနိုင်သလိုမျိုးတစ်ရွေ့ရွေ့ကုန်ဆုံးသွားသည့်အချိန်တွေဟာအတိတ်တွေဖြစ်လာတတ်သည်။
ရှင်းလင်းချက်။လောကနိယာမကပေးတဲ့'Gemini Norawit'
ဟူသည့်ခပ်ဆန်းဆန်းပုစ္ဆာလေးကိုငါဖြေရှင်းပြီးခဲ့ပြီ။တန်ပြန်သက်ရောက်မှု။final yearကရည်းစားလေးတစ်ယောက်ရခဲ့၏။
__________________________________
"ဘေဘီ!"
ကွင်းပြင်ထဲပတ်ပြေးပြီးချွေးစေးတွေပြန်ကာမောဟိုက်နေသည့်စီနီယာက ကွင်းပြင်နံဘေးကခုံတန်းရှည်လေးတွင်သင်္ချာထိုင်တွက်နေသည့်ငါ့အနားသို့ပြေးလာ၏။
အဲ့နောက်ငါ့ဘေးတွင်ချထားသည့်ရေဗူးအားယူကာသောက်လေသည်။တနင်္ဂနွေနေ့ရဲ့ပူလောင်နေတဲ့ညနေခင်းမှာwork outလာလုပ်တာဒီအရူးကောင်ပဲရှိမည်ထင်။
တစ်ယောက်ထဲရူးတာအားမရလို့အိမ်ထဲမှာအိပ်နေသည့်ငါ့ကိုပါဆွဲခေါ်လာ၏။ချစ်လှစွာသောမေမေကလည်းကြည့်တောင်မကြည့်ပဲခေါ်သွားဟုဆိုလေသည်။
YOU ARE READING
Boyfriend material (geminifourth ff✅)
FanficYou ain't my boyfriend။ fanfiction main characters-Geminifourth total chapter-7 hope you guys enjoy this💓