Bad Senior is in love with me! [5]

897 99 82
                                    

စီနီယာကငါ့ကိုရှက်နေတယ်

မီးခိုးရောင်ကဘာလဲဟုမေးလျှင်lawမေဂျာကလူတိုင်းဟာငါ့ကိုလက်ညိုးထိုးပြကြလိမ့်မည်။အဖြူအနက်သာ၀တ်ဆင်တတ်သည့်ငါဟာတက္ကသိုလ်ရဲ့မီးခိုးရောင်လေးဖြစ်၏။

အရောင်အသွေးမစုံလင်တဲ့ငါ့ကမ္ဘာထဲမှာအထူးတလည်၀င်လာတတ်သည့်အရာတွေမရှိပါ။ချွင်းချက်အနေနဲ့နွေဦးစိုရောင်လေးတစ်ခုကလွဲရင်ပေါ့။

သတိမထားမိခင်မှာပဲငါ့ရဲ့မိုနိုခရုန်းလောကထဲကိုချယ်ရီပွင့်လေးတစ်ပွင့်ကြွေကျလာခဲ့သည်။အဲ့ချယ်ရီပင်လေးကအရိုင်းဆန်ပြီးငါ့ကိုလည်းအနှောင့်ယှက်သိပ်ပေးသည်။

ပြီးတော့တစ်ဆက်ထဲမှာလည်းငါ့ကိုနွေးထွေးမှုအချို့ပေးပါသည်။အဲ့တာကလည်းထူးဆန်းသည်။

အထူးအစမ်းပါပဲထိုချယ်ရီပွင့်ရဲ့စနောက်မှုတွေကိုငါသဘောကျမိလာခဲ့သည်။

__________________________________

"ဘောလုံးပွဲရှိတယ် ကိုယ်ပါမှာ"

ကိုလာအရသာရေခဲချောင်းကိုခွက်ခနဲကိုက်လိုက်ရင်းစွပ်ကျယ်အဖြူရောင်သာ၀တ်ထားသည့်စီနီယာကဆိုလာ၏။

နေပူပူထဲမှာချွေးတွေနစ်သည်ထိဘောလုံးကန်ထားသည့်စီနီယာကတစ်ခြားအတန်းဖော်တွေနှင့်မတူညီစွာကြည့်ကောင်းနေပါသည်။

"မေဂျာမှမတူတာ.."

"ဘောလုံးပွဲမဟုတ်ဘူး ကိုယ့်ကိုလာကြည့်ခိုင်းတာ"

စီနီယာ၀ယ်ပေးထားသည့်2023သင်္ချာအိုလံပစ်မေးခွန်းကိုတွက်နေရင်းနှင့်ပင်ငါမျက်စောင်းတစ်ချက်ထိုးလိုက်သည်။ဒီမျက်နှာရူးကတော့။

ဒီအရူးစီနီယာကလေရုပ်ချောတာကလွဲရင်ကောင်းကွက်ဟူသည်တစ်ခုမျှမရှိ။အမြင်ကလည်းကပ်ဖို့ကောင်းပြီးပေါက်ကရတွေလည်းပြောတတ်သေးသည်။

တစ်နေ့တစ်နေ့လူကိုစိတ်ဒုက္ခဘယ်လိုပေးရမလဲလည်းသိ၏။အိမ်ပြန်ပို့ပေးတာကြောင့်အကိုကြီးတစ်ယောက်လိုဆက်ဆံပေးဖို့စဉ်းစားခဲ့ပေမယ့်လည်းဒါကခဏပါပဲ။

အချိုးမပြေတဲ့လူဟာမိုးရွာတာအကြောင်းပြပြီးငါ့အိမ်မှာခိုသွားတဲ့အပြင်မေမေ့ကိုလည်းသူ့အမေကြီးလိုမျိုးတစ်မေမေနှင့်။

Boyfriend material (geminifourth ff✅)Where stories live. Discover now