Description

4.4K 381 10
                                    

လျန်လျန်သေဆုံးခဲ့သည်မှာ နှစ်ရာနှင့်ချီပြီဖြစ်ကာ ပြန်ဝင်စားခြင်း မရှိသေးပေ။သူ၏ယခင်ဘဝက ချမ်းသာသောမိသားစုထံတွင် မွေးဖွားလာခဲ့ပြီး သူ၏မိဘများက သူတမလွန်၌နှစ်ရာနှင့်ချီဖြုန်းတီး၍ရနိုင်ရန် စက္ကူပိုက်ဆံများလုံလောက်စွာ မီးရှို့ပေးခဲ့လေသည်။သဘာဝအလျောက်ပင် သူကပြန်ဝင်စားကာ ဒုက္ခခံလိုခြင်းမရှိသောကြောင့် သူ၏တန်ဖိုးကြီးခေါင်းတလားထဲ၌သာ နေခဲ့လေသည်။

တစ်ရက်တွင် သူကအသစ်တည်ဆောက်ထားသော အများပြည်သူသုသာန်သို့ အချိန်ဖြုန်းကာ စကားစမြည်ပြောရန် သွားခဲ့လေသည်။လူတစ်စုက ရောက်လာကာ သူ့အုတ်ဂူကိုတူးဖော်ပြီး လူသေတစ်ဦးအား သူ့ခေါင်းတလားထဲထိုးသိပ်ထည့်သွားလေသည်။

လျန်လျန်၏ပိုင်ဆိုင်မှုများ ခိုးယူခံရလေတော့သည်။

"ကောင်းပြီ သူတို့ကတူညီတဲ့ခေါင်းတလားထဲမှာ လှဲလျောင်းနေကြတာကြောင့် အတူယှဉ်တွဲမြုပ်နှံတာလို့ ယူဆလို့ရတယ်"

တောက်ဆရာက သူ၏နှုတ်ခမ်းမွေးကိုပွတ်သပ်ရင်း ပြောလာ၏။

"လျန်လျန် မင်းကိုလူလွတ်စာရင်းကနေဖယ်ထုတ်လိုက်ပြီဆိုတာ ဒီနယ်ခံငရဲပြည်ပိုင်နက်ရဲ့ ယာယီအမှုထမ်းအနေနဲ့ တရားဝင်အကြောင်းကြားပါတယ်"

"ဘာ?!"

ကျန်းကျန်းက ခပ်ထူထူစက္ကူပိုက်ဆံအထပ်လိုက်ကိုထုတ်ကာ သူ့ရှေ့၌ချထားပေးသည့်အချိန်ထိတိုင် လျန်လျန်မှာ "အိမ်ထောင်သည်ဘဝ"ကို အသိအမှတ်မပြုခဲ့ပေ။

"ဒါက ဘာအတွက်လဲ?"

လျန်လျန်က သတိဖြင့်မေးလိုက်၏။

ကျန်းကျန်းမှာ သူ၏တုံးတုံးအအဇနီးလေးကို ကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်၏။

"တင်တောင်းငွေ"

-------

Modern background မှာဇာတ်အိမ်တည်ထားပြီး သေဆုံးတာ နှစ်ရာနှင့်ချီကြာသွားပြီးတဲ့နောက် တစ္ဆေလက်ထပ်ပွဲမှာ မလိုလားစွာနဲ့ တွဲဖက်ပေးခံရတဲ့နှစ်ဦးရဲ့မချစ်သေးဘဲ လက်ထပ်ခဲ့ရတဲ့ပုံပြင်တစ်ပုဒ်။ချိုမြိန်တဲ့ဇာတ်လမ်းတစ်ပုဒ်ပါပဲ။

You're Blocking My Coffin Board || ဘာသာပြန် 《Completed》Where stories live. Discover now