Chapter 7

1.4K 338 5
                                    

(15)

"ကိုယ်မင်းအတွက် နောက်ထပ်ယွမ်တစ်ဘီလီယံ
ထည့်ပေးလို့ရတယ်"

ကျန်းကျန်းမှာ ဒေါသထွက်နေသောလျန်လျန်ကို စကားတစ်ခွန်းထဲဖြင့် တည်ငြိမ်စွာ ရပ်တန့်လိုက်လေတော့သည်။

"ဒီလောက်ပိုက်ဆံတွေအများကြီး မင်းဘယ်ကရတာလဲ?"

"ကိုယ်မင်းကို ကိုယ့်ရဲ့ကိုယ်ပိုင်စုငွေတွေပေးမယ်"

ကျန်းကျန်းက ခဏမျှရပ်လိုက်၏။

"ဇနီးလေး"

"ဟေး! ဘယ်သူက မင်းဇနီးလဲ!"

"အဲ့ဒီယွမ်တစ်ဘီလီယံကို ကိုယ့်ဇနီးလေးကိုပဲပေးမှာ"

ကျန်းကျန်းက ဖြည်းညှင်းစွာဖြင့် သူ့လက်ကိုပြန်ရုတ်လိုက်၏။

"မင်းမလိုချင်ဘူးဆိုရင် ယွမ်နှစ်ဘီလီယံနဲ့ငရဲပြည်က ယွမ်100,000လက်ဆောင်တွေကိုလည်း ဆုံးရှုံးရလိမ့်မယ်"

"......."

လျန်လျန်က သူ့လက်ကိုဆုပ်ကိုင်ကာ ခပ်တည်တည်ပုံစံဖြင့် ကြိတ်မှိတ်လက်ခံလိုက်ရတော့သည်။

"ခေါ်ပါ"

"ဇနီးလေး"

"အင်း"

အရမ်း ကျေနပ်စရာပဲ

(16)

လျန်လျန်အိမ်ထောင်ကျသွားကြောင်းကို တောင်ပေါ်သုသာန်ရှိ သရဲတစ္ဆေများအားလုံး သိကြလေသည်။

သူ့အိမ်ထောင်ဖက်မှာ ငွေကိုရေလိုသုံးကာ လက်ဖွာသော တောက်ဆရာလေးဖြစ်ကြောင်းကိုလည်း သူတို့သိကြ၏။

တစ္ဆေတစ်အုပ်မှာ ယခင်ကသူတို့၏ရက်စက်ခက်ထန်သောပုံစံများကို ပြောင်းလဲကာ ပြုံးပြရင်း သူတို့၏ပစ္စည်းများကို လျန်လျန်အားပေးလာကြလေသည်။လျန်လျန်ကလက်ကိုယမ်းကာ အားလုံးကို လူငယ်လေးအား ပေးလိုက်လေသည်။

"မင်းက အစားအသောက်ပေါ်လက်လျော့ပေးချိန်စိတ်ရှိတဲ့ တစ္ဆေလေးနဲ့လည်းမတူပါဘူး"

အဖိုးတန်ခေါင်းတလားထဲ၌ ရေများကစိမ့်ဝင်နေပြီး တစ်ဝက်မျှရေလွှမ်းနေသဖြင့် အိပ်စက်ချိန်၌ ကျန်းကျန်းမှာလျန်လျန်ဘေးတွင် တိုးဝှေ့နေရသဖြင့် သူတို့၏ဝိညာဉ်များက အတူတကွ ပေါင်းစည်းနေလေသည်။

You're Blocking My Coffin Board || ဘာသာပြန် 《Completed》Where stories live. Discover now