Chapter 6

1.5K 347 8
                                    

(13)

"ဘယ်သူက မင်းရဲ့တင်တောင်းငွေကို လိုချင်လို့လဲ!ဒီမင်္ဂလာဆောင်က ငါ့အပေါ်အတင်းအကျပ်လုပ်ထားတာကြီးလေ ငါသေရင်တောင် လက်မထပ်ဘူး!"

လျန်လျန်မှာ ဗျောက်အိုးလေးလို ပေါက်ကွဲလာခဲ့၏။

"မနက်ဖြန်ကျရင် မင်းရဲ့ဆရာကခေါင်းတလားကိုဖွင့်ပြီး ပစ္စည်းတွေကိုပြန်ထားမှာ အဲ့ဒီအခါ သူမင်းကိုလည်းပြန်ခေါ်သွားလို့ရတာပေါ့"

"မင်း ကိုယ့်ကိုမလိုချင်ဘူးလား?"

ကျန်းကျန်း၏လေသံလေးက မကျေနပ်ချက်အရိပ်အမြွတ်ကို သယ်ဆောင်လာခဲ့၏။

"ငါ...."

ဗျောက်အိုးလေးမှာ ရုတ်တရက် လျှော့ကျသွားပြီး သူ၏စိုစွတ်နေသော အဝတ်အစားများကို သပ်ရပ်အောင်ပြုပြင်နေလေသည်။

"မင်းရဲ့လေသံက ဘာလဲ? ငါ့ခေါင်းတလားက ဒီလောက်လေးပဲကြီးတာ မင်းငါ့ဘေးမှာအိပ်ရင် မင်းအဝင်အထွက်လုပ်တဲ့အချိန်မှာ ငါ့ခေါင်းတလားအဖုံးကို ပိတ်နေလိမ့်မယ်"

"ကိုယ် စိတ်ထဲမထားပါဘူး"

"ဒါပေမဲ့ ငါကတော့ထားတယ်လေ ဘာလို့ရေနစ်သေမယ့်နည်းလမ်းကို ရွေးလိုက်ရတာလဲ? နေ့ဘက် မင်းငါ့ဘေးမှာအိပ်ရင် ငါ့ကိုအကုန်လုံးစိုသွားရော သေပြီးသွားတဲ့နောက်မှာ မင်းတကယ်ရောင်းရင်း လိုချင်တယ်ဆိုရင်လည်း မင်းဒီအနီးအနားမှာပဲ မြေမြုပ်င်္သဂြိုဟ်ပြီး ငါတို့အချင်းချင်း အလည်အပတ်လုပ်လို့ရတာပဲ"

နောက်မှလူထံမှ တိတ်ဆိတ်မှုသာရှိနေလေသည်။

"ကြားလား? ငါမင်းကိုသဘောမကျတာတို့ဘာတို့ အဲ့လိုမျိုးမဟုတ်ပါဘူး ပြီးတော့ ဒီနေ့ မင်းငါ့ကိုအများကြီးကူညီပေးခဲ့တာပဲ...."

"ဒါဆို မင်းလည်းကိုယ့်ကိုကူညီပေးပါဦး"

ကျန်းကျန်းက ခဏမျှတိတ်ဆိတ်နေပြီးသည့်နောက် ကြားဖြတ်ပြောလာ၏။

"ပြောလေ"

"မနက်ဖြန်ညမှ ဒီကိစ္စကိုထပ်ပြောလေနော်"

လျန်လျန်ကအံ့ဩသွားပြီး တစ်ခုခုပြောချင်သော်ငြားလည်း သု့နောက်မှ အေးစက်၊စိုစွတ်သောခံစားချက်က ရုတ်တရက် ပျောက်ကွယ်သွားလေသည်။သူကခေါင်းကိုလှည့်လိုက်ရာ ဘာတစ်ခုမှရှာမတွေ့ဘဲ မှောင်မိုက်၊ရှင်းလင်းနေသော တောအုပ်လေးကိုသာ တွေ့လိုက်ရ၏။

You're Blocking My Coffin Board || ဘာသာပြန် 《Completed》Where stories live. Discover now