Chapter 8

1.4K 317 4
                                    

(18)

တန်ဖိုးကြီးခေါင်းတလားထဲ၌ ကျန်းကျန်း၏လက် က ဂနာမငြိမ်စွာလှမ်းလာပြီး ပေါ့ပါးစွာပင် လျန်လျန်ကို ဝိုင်းပတ်ထားခဲ့လေသည်။

"လျန်လျန် မင်းကိုယ့်ကိုသဘောကျသေးရဲ့လား?"

လျန်လျန်မှာအံ့ဩသင့်သွားပြီး ကျန်းကျန်းကိုကြည့်လာခဲ့၏။ရေနစ်သေဆုံးခဲ့သော တစ္ဆေလေးဝမ်းနည်းချိန်တွင် ရေများစိမ့်ထွက်လာတတ်ပေသည်။ပျော်ရွှင်နေသည့်အချိန်တွင်လည်း ရေများစိမ့်ထွက်လာတတ်ပေသည်။စိတ်လှုပ်ရှားနေသည့်အချိန်တွင်တော့ ရေများပို၍ပင် စိမ့်ထွက်တတ်လာပြန်၏။

ခေါင်းတလားတစ်ခုလုံး ရေလွှမ်းမတတ်ဖြစ်နေသောကြောင့် လျန်လျန်သည်လည်း ကျန်းကျန်း၏စိတ်လှုပ်ရှားမှုကို သတိထားမိလေသည်။

သူကစကားပြောရန် အပြင်းအထန်ကြိုးပမ်းလိုက်သော်လည်း ပါးစပ်တစ်ခုလုံး၌ ရေများဖြင့်သာ ပြည့်နေလေတော့သည်။

"ငါ သဘောကျ.....ဂလူးဂလူး....မင်းကိုသဘောကျတယ်...ဂလူး...ဂလူး"

(19)

ယခုအခါ ငရဲပြည်မှ100,000 လက်ဆောင်ကို မယူစရာအကြောင်းအရင်း မရှိတော့ပေ။

ကိုယ်ပိုင်စုဆောင်းငွေ နှစ်ဘီလီယံနှင့်အတူ လျန်လျန်မှာ ချင်းလုံတောင်၏ဂူသင်္ချိုင်းအားလုံးထဲ၌ အချမ်းသာဆုံး တစ္ဆေလေးဖြစ်လာခဲ့၏။

သို့သော် ရှင်းပြရန်လိုသည့်အချက်တစ်ခုရှိနေလေသည်။တောက်ဆရာလေးမှာ ချမ်းသာလှသည်မဟုတ်ပေ။ငရဲပြည်၌ တစ်ဘီလီယံက ယွမ် ၁၀၀,၀၀၀ နှင့်ညီမျှသော ပြင်းထန်သည့်ငွေကြေးဖောင်းပွမှုရှိနေခြင်းသာ။

နောက်ထပ် မကောင်းသည့်ကိစ္စတစ်ခုလည်း ရှိနေသေး၏။တန်ဖိုးကြီးခေါင်းတလားထဲ၌ ကျန်းကျန်းမှာ သူ့အားနေ့ရောညပါ ကပ်တွယ်လာခဲ့ပြီး ယခုသူတို့က ဆက်ဆံရေးတစ်ခုရှိလာပြီဖြစ်သောကြောင့် ကျန်းကျန်းကသူ့ကို အခါအားလျော်စွာ နမ်းလာခဲ့၏။

ရေနစ်သေဆုံးခဲ့သောတစ္ဆေလေးထံမှ စိုစွတ်အေးစက်သောအနမ်းက အလွန်ထူးဆန်းသည်ဟု ခံစားရလေသည်။လျန်လျန်မှာ သူ့ခေါင်းတစ်ခုလုံးက အေးခဲသွားကာ မူးဝေနေသလို ခံစားနေရလေသည်။တစ္ဆေလေးအား သူ့နှုတ်ခမ်းများကိုဖွင့်ဟကာ သူ့အား ပြင်းပြစွာဆုတ်ကိုင်ပူးကပ်ထားခွင့်ပြုထားခြင်းက သူ့ဦးခေါင်းခွံကိုပင်ဖြတ်သွားသလို နက်ရှိုင်း၊စူးရှသည့် အနမ်းတစ်ပွင့်ကို ဖြစ်ပေါ်လာစေ၏။

You're Blocking My Coffin Board || ဘာသာပြန် 《Completed》Hikayelerin yaşadığı yer. Şimdi keşfedin