Chapter 5

1.5K 368 3
                                    

(11)

သေချာပေါက်ပင် သဘာဝအတိုင်း လျန်လျန်က ထိုပစ္စည်းများကိုဂရုစိုက်ခြင်းမှာ ဝိညာဉ်များက ၎င်းတို့အားနှစ်သက်သောကြောင့်ပင်။ပြန်ဝင်စားခြင်းစက်ဝန်းသို့ဝင်ရောက်ခြင်းမရှိဘဲ ရှင်ခြင်းနှင့်သေခြင်းနယ်နမိတ်ကြားတွင် ကျန်ရစ်နေခဲ့သော သရဲတစ္ဆေများက အဖိုးအခပေးရမည်ဖြစ်သည်။

ငတ်မွတ်နေသည့်တစ္ဆေများက စိတ်ကျေနပ်စေဖို့ အဆက်မပြတ်စားသောက်နေရ၏။သူ့မိဘများဆုံးပါးသွားပြီး မည်သူကမှ သူ့အားပစ္စည်းများပေးခြင်းမရှိတော့သည့်အခါ ငရဲပြည်၌ အစားအစာနှင့်လဲလှယ်ရန်အတွက် စက္ကူပိုက်ဆံကိုသာ အားကိုးနေရလေသည်။

"မင်း ဘာလို့ပြန်ဝင်စားဖို့မသွားရတာလဲ?"

ကျန်းကျန်းမှာ သူစားသောက်နေသည်ကို ကြည့်နေရသည်အားမွေ့လျော်နေသကဲ့သို့ပင် တစ်ချိန်လုံးနီးပါး သူ့ကိုသာစိုက်ကြည့်နေလေသည်။လျန်လျန်မှာ အပြင်ဘက်၌ "အစားအသောက် ရုပ်သံလွှင့်"ဟုခေါ်သော အလုပ်အကိုင်အကြောင်း ကြားခဲ့ဖူးပြီး ယခုအခါ သူကကျန်းကျန်းအတွက် ရုပ်သံလွှင့်စားသောက်ပြနေခြင်း ဖြစ်နိုင်၏။

"ငါက တစ်ယောက်ယောက်ကိုစောင့်နေတာ"

လျန်လျန်က မရေမရာပြောလာလေသည်။

"ဘယ်သူ့ကို စောင့်နေတာလဲ?"

"မမှတ်မိတော့ဘူး နှစ်ပေါင်းရာချီကြာပြီးသွားတော့ သူကဘယ်လိုပုံစံလဲဆိုတာ ငါမမှတ်မိတော့ဘူး"

လျန်လျန်မှာ ဆရာသူ့အတွက်ချက်ပေးထားသည့် ကြက်ခြေထောက်ကို ဖြည်းဖြည်းချင်း ကိုက်နေလေသည်။သူက တစ်ဝက်မျှကိုက်ပြီးသည့်နောက် ကျန်းကျန်း၏မရပ်မနားအကြည့်တို့ဖြင့် အကြည့်ချင်းဆုံသွားမိလေသည်။

"မင်း....မင်းလည်းစားချင်လို့လား?"

"မင်းစားပါ"

ကျန်းကျန်းက ခပ်ရေးရေးမျှ ပြုံးလိုက်၏။

ဟုတ်ပါတယ်လေ နှစ်ရာနှင့်ချီကြာပြီးတဲ့နောက်
သူ့မှာ ကလေးဆန်တဲ့လက္ခဏာမျိုးတွေ ရှိကောင်းရှိနိုင်တာပါပဲ

"ရတယ်"

(12)

လျန်လျန်၏ သေဆုံးရခြင်းအကြောင်း။

You're Blocking My Coffin Board || ဘာသာပြန် 《Completed》Where stories live. Discover now