Chapter 3

1.5K 367 31
                                    

(5)

နေဝင်သွားသည်နှင့် ကောင်းကင်ကြီးကမှုန်မှိုင်းလာကာ အဝါရောင်သစ်ရွက်တို့က မြေပြင်အနှံ့ပြန့်ကျဲလျက် တိတ်ဆိတ်ခြောက်ကပ်ကာ ဝမ်းနည်းပူဆွေးဖွယ်မြင်ကွင်းတစ်ခုကို ဖန်တီးနေလေသည်။

လျန်လျန်မှာ မြေပြင်ပေါ်၌ထိုင်ကာ ငိုကြွေးရင်း ကြို့ထိုးနေလေသည်။

"ဝူးဝူးဝူး ငါ့ပိုက်ဆံလေးတွေ....အေ့....ငါ့ပိုက်ဆံလေးတွေ...ဝူးဝူး...အေ့"

ကျန်းကျန်းမှာ ကူကယ်ရာမဲ့စွာဖြင့် စိုစွတ်နေသောသူ့ဝတ်ရုံအဖျားစကိုရေညှစ်ကာ လျန်လျန်အားမျက်ရည်များသုတ်ရန် လှမ်းပေးလိုက်လေသည်။

အိုး သရဲတွေမှာမျက်ရည်မရှိဘူးဆိုတာကို မေ့ထားလိုက်ပါ

ရွှေ၊ငွေ၊ကျောက်စိမ်း ပစ္စည်းတွေများပြားလွန်းသောကြောင့် လူတိုင်းက သူတို့၏ရင်ခွင်အတွင်းဖုန်းကွယ်လျက် သို့မဟုတ် လက်များထဲ၌ ဆုပ်ကိုင်ထားကြရင်း မမြင်ရလေအောင်ရှောင်တိမ်းနေကြလေသည်။ပတ်ဝန်းကျင်ကိုစူးစမ်းကြည့်ပြီးနောက် သူတို့က ကျန်းကျန်းအပိုင်ခေါင်းတလားလေးကို အာရုံစိုက်လာကြတော့သည်။

"ဘယ်နေရာမှာမြုပ်တယ်ဆိုတာက အရေးမကြီးပါဘူး"

တောက်ဆရာက တွက်ချက်နေသကဲ့သို့ လက်ဟန်လုပ်ထားရင်း ရေရွတ်လာခဲ့၏။

"ငါ့ရဲ့တွက်ချက်မှုအရ ဒီမှာရှိတဲ့ငါ့တူက ဒီခေါင်းတလားပိုင်ရှင်နဲ့တော်တော်လေးကို လိုက်ဖက်ညီနေတယ် သူတို့ကိုအတူယှဉ်တွဲမြုပ်နှံပြီး တစ္ဆေမင်္ဂလာဆောင်တစ်ခုစီစဉ်လို့ရတယ်"

လျန်လျန်မှာ ကြို့ထိုးရန်မေ့လျောသွားပြီး မျက်လုံးလေးများကိုကျယ်ကျယ်ဖွင့်ကာ တွေဝေစွာဖြင့် ကျန်းကျန်းကို လှည့်ကြည့်လာခဲ့ပါ၏။

"သူ ဘာပြောတာလဲ? ငါတို့ကိုအတူယှဉ်တွဲမြုပ်—"

"ဘာမှမဟုတ်ပါဘူး"

ကျန်းကျန်းက တည်ငြိမ်စွာဖြင့် သူ့ခေါင်းလေးအားပုတ်ပေးလိုက်လေသည်။

"မငိုနဲ့တော့ လိမ္မာတယ်"

"ကျန်းကျန်းကို အောက်ချကြရအောင် ငါတို့သူ့အတွက် အုတ်ဂူကျောက်တိုင်အသစ်တစ်ခု လုပ်ကြမယ်"

You're Blocking My Coffin Board || ဘာသာပြန် 《Completed》Where stories live. Discover now