"တောင်!တောင်!"
ပါးပြင်ပေါ်သို့ တရစက်စီးကျနေသော မျက်ရည်များအား လက်ခုန်ဖြင့်သုတ်ကာ မြည်နေသော
ဖုန်းအားဖွင့်ကြည့်မိတော့.....
'နံနက်ဖြန်မနက် 5:00 ****မှာ အပါးကိုလာတွေ့ပါ သေချာပေါက်ပြောစရာရှိလို့ပါ တောင်းလဲတောင်းပန်ချင်လို့ပါ'
ထိုစာကိုဖတ်ပြီး ပထမက ငိုချင်နေသောစိတ်များမှာထိန်းထား၍မရလေတော့ ပိုလို့ငိုမိသည်....
မိသားစုအပေါ်မှာကိုယ်လုပ်ထားတဲ့အပြစ်ကိုမသိလေဘဲနဲ့ တောင်းပန်တာက အရာဝင်လိမ့်မည် ထင်နေသေးတာလား ဂျောင်မင်ဟိုရှီး*****************************
'တီ.တီ..တီ..တီ!!'
နှိုးစက်မှစတင်မြည်လာလေပြီ...
ထိုအချိန်မှာသူထနေကျအချိန်ပင်မဟုတ်4နာရီနှင့် 30မိနစ်ပင်ဖြစ်လေသည်....
အိပ်ယာဖွေး" ထက်မှထကာ ရေမိုးချိုး ကျောင်းအ..ကျီ ဝတ်ပြီးသည်နှင့် နံနက်စာစားနေကျ ပေါင်မုန့်ကြက်ဉစားကာအိမ်ပြင်သို့ထွက်လာလိုက်သည်...
စာဝင်ဗုံးလေးထဲကို လက်အနည်းငယ်တိုးဝင်ကာ စစ်ကြည့်မိလေတော့ ဝမ်၅၀၀၀ ကိုစာအိတ်ဖြင့်ထည့်ထားပြီး စာအိတ်ပေါ်မှာတော့ From:J ဟုသာရေးထားသည်
ဒီဝမ်၅၀၀၀ကိုနံနက်တိုင်း ဘယ်သူလာထည့်ပေးလဲဆိုတာသူသိပ်သိတာပေါ့လေ...
ထိုဝမ်၅၀၀၀ကို ကျောပိုးအိတ်ထဲသို့ထည့်ကာ ဟိုဆော့သွားရမည့်နေရာကို ဉီးတည်၍ထွက်သွားလေသည်...
အပါးချိန်းထားသည့်နေရာကိုရောက်လေတော့ ထို ဂျောင်မင်ဟိုဆိုသူ ..လက်ထဲမှာ ကဒ်တစ်ကဒ်ကို ကိုင်ကာ အနည်းငယ်ကုန်းနေသောခါးကို မနည်းဆွဲကာ
မတ်နေလေသည်..
သူသိပ်သိတာပေါ့...ဒါကသူ့အဖေဖြစ်သူလေ
အပါးရှိရာဆီကို သွားလေတော့..
ညအချိန်အခါတွင်တောက်ပနေသော ကြယ်များပင်အရှုံးပေးရလောက်အောင် လင်းလက်နေသော မျက်လုံးများဖြင့် ဟိုဆော့ကိုကြည့်လာသည်...
"သား..ဂျောင်ဟိုဆော့!အဖေ့ရဲ့သားလေး!"
ဟိုဆော့၏ လက်နှစ်ဖက်ကို ယူကာပူးကိုင်၍ အေးစက်နေသော လေသံဖြင့်တီးတိုးစွာ ဆိုလာသည်...
"ဂျောင်မင်ဟိုရှီး! အခုက ဘာဖြစ်ပြန်လို့လဲ?"
ဟိုဆော့ပူးကပ်ကာ ဆုပ်ကိုင်ထားသောလက်နှစ်ဖက်အား ခွာချကာ ပြောလေတော့...
"သားကို တွေ့ရတာ အဖေဝမ်းသာလှပါတယ် အဖေကသားမလာဘူးတောင်ထင်နေတာ"
"အဲ့လိုစကားမျိုးတွေကို အမေမသေခင်ထဲကပြောခဲ့သင့်တာ.. အခုမှလာပြီး အဖေတွေ သားတွေလာမခေါ်နေနဲ့ ကျွန်တော့်မှာအဖေဆိုတာမရှိဘူး ရှိခဲ့ရင်လည်းအဲ့အဖေကခင်များ မဟုတ်ဘူး!"
ဟိုဆော့ လေသံမာ"ဖြင့်နာကျည်းစွာ ပြောမိသည်..
"သားရယ် အဖေတောင်းပန်ပါတယ်"
"တောင်းပန်တယ်ပေါ့ဟုတ်လား? အဲ့လိုတောင်းပန်တာကို အမေမသေခင်ထဲက လုပ်ခဲ့ရောပေါ့ အခုမှဘာလို့...." ဟိုဆော့ငိုချမိပြန်ပြီ စကားပင်ဆုံးအောင်မပြောနိုင်လေတော့ အဖေဖြစ်သူကို အလွန်ပင်နာကျည်းမိပါသည်...
"အဖေ့ကို တစ်ခုလောက်ကူညီသား"
ထိုသူသည် လက်ထဲမှ ကျစ်"ဆုပ်အောင် ကိုင်ထားသော ကဒ်အား ဂျောင်ဟိုဆော့လက်ထဲသို့ထည့်ပေး၍
"သားကျောင်းဆင်းရင် သူ့ဆီသွားလိုက်ပါ သူ့ဆီမှာ အဖေ ဝမ်သန်း၅၀အကြွေးတင်နေခဲ့တာ အဲ့ဒါလေးတော့ကူညီပေးလို့ရမလား"
"ဘာ!! ခင်များ ယုတ်မာလှချည်လား
အသဲကင်ဆာဖြစ်ပြီး ထမင်းတောင်မစားနိုင်တဲ့အမေနဲ့ အချိန်ပိုင်းအလုပ်တွေကို မနိုင်တနိုင်နဲ့ ချွေးမျက်ရည်ကျအောင်လုပ်ခဲ့ရတဲ့ အစ်ကို့မျက်နှာကိုမှမထောက် ခင်များရဲ့ အေလာင်းကစားအတွက် အစ်ကိုအသက်နဲ့မှမလိုက်အောင်ရှာထားတဲ့ငွေတွေကို ခင်များ ခိုးခိုးပြီးယူသွားခဲ့တာလေ ကျွန်တော်မေ့နိုင်မယ်များထင်နေလား အမေသေသွားလို့တောင်အမေ့ဈာပနပွဲကိုမလာ၊ခင်များကြောင့်အိပ်ယာထဲလဲသွားခဲ့တဲ့ အမေကို ကျွန်တော်အရမ်းသနားလွန်းလို့ ဘာလုပ်လုိ့လုပ်ရမယ်မှန်းတောင်မသိခဲ့ဘူး အမေသေသွားပြီးတည်းက အစ်ကို အင်္ဂလန်ကိုထွက်သွားခဲ့တာ အဆက်အသွယ်တောင်မရခဲ့ဘူး အဲ့ဒီ့အချိန်ကနေအခုအချိန်အထိ ခင်များကို ကျွန်တော်နာကျည်းရုံကလွဲပြီး မတတ်နိုင်ခဲ့ဘူး ကျွန်တော်တို့မိသားစုကို တစ်ကွဲတစ်ပြားဆီဖြစ်အောင် ခင်များလုပ်ခဲ့တာ ခင်များကိုကျွန်တော်အရမ်းမုန်းတယ်!"
ဂျောင်ဟိုဆော့ ဒေါသများအလိတ်လိုက်ထွက်ကာ ထိုနေရာမှ ထွက်လာမိသည်....
YOU ARE READING
LOVE[Jk×Jh]
Fanfiction"ဝမ်သန်း၅၀ကိုဆပ်မလား? ကိုယ့် Personal assistantအဖြစ်အလုပ်ဝင်မလား?" "ခင်ဗျားက ဘာဖြစ်နေတာလဲ ဘာလဲ သေတော့မှာမလို့လား" Started date-27/June/2023