'အချစ်'ရဲ့စတင်ခြင်းက
ပျော်ရွှင်စရာကောင်းခဲ့သလို
အဆုံးသတ်ကနာကျင်စရာ
ကောင်းတယ်..။'အချစ်'ဆိုတာအတွက်
အရာရာကိုပေးဆပ်နိုင်ခဲ့သလို
အရာရာကိုစွန့်လွှတ်နိုင်ခဲ့တယ်..။'ခင်များကိုကျွန်တော်မုန်းတယ်!'
မျက်ထောင့်နီများဖြင့်
သူ့အားစေ့စေ့ကြည့်ကာ
ထိုစကားကိုထပ်ဖန်တလဲလဲ
ပြောနေခဲ့သော
ထိုကောင်လေးသည်
သူမည်မျှလောက်နာကျင်နေသည်ကိုမသိပါ..။ဒီစကားတစ်ခွန်းကြောင့်နဲ့
လေတိုက်ရာလွင့်နိုင်သည်..။
နက်ရှိုင်းလှပါသောပင်လယ်သမုဒ္ဒရာများပင်
မလွန်ဆန်နိုင်
သူ၏အချစ်သည်ဤမျှလောက်
နက်ရှိုင်းခဲ့သည်..။'ချစ်တယ်ကလေး....
ကိုယ်တောင်းပန်ပါတယ်..။'
'ကိုယ့်ကိုမမုန်းလိုက်ပါနဲ့!'မျက်လုံးအစုံတို့ပွင့်ဟလာကာ
မရှိသည့်အားကို
မနဲဆွဲယူ၍ထလိုက်တော့
လက်မှာတွယ်ထားသော
ပိုက်များကစိတ်ရှုပ်စရာ
ထိုပိုက်များကိုဆွဲဖြုတ်ကာ
ထဖို့ကြံတော့...။"မဖြစ်ပါဘူး!ဘော့စ်!
မထနဲ့!"အတွင်းရေးမှုးကင်မ်မှ
ဆေးအိတ်အားကိုင်ကာ
အမြန်ပြေးလာ၍
ဂျောင်ဂုကိုအနားယူစေသည်..။"ဘော့စ် ဒီမှာဘဲနေနော်!
ကျွန်တော် ဆရာဝန်သွားခေါ်လိုက်အုံးမယ်""ဂျောင်ဟိုဆော့!~ဂျောင်ဟိုဆော့
ဘယ်မှာလဲ?~ငါ့ကလေး...!"စိုးရိမ်တကြီးဖြင့်မေးလာသော
ဂျောင်ဂုသည် အားပင်မရှိ
လေသံကိုသာ
မနည်းအော်၍ပြောနေရသည်..။"ဗျာ! ဘော့စ်ရယ်အနားယူလိုက်
ပါဉီး! ဖြစ်မှဖြစ်ရလေဘော့စ်ရယ်""ဂျောင်ဟိုဆော့ ကိုခေါ်ပေးလို့~"
"ဟုတ်~ဟုတ်ကဲ့ပါဗျာ!"
_______________________________"ဘယ်လိုဖြစ်တာလဲ?
အဖိုးရ! သူကအဲ့လိုလူမှမဟုတ်ဘဲ"ဟိုဆော့ရောက်လာလို့
ဂျောင်ဂုကဆေးအရှိန်ကြောင့်
အိပ်ပျော်နေတော့
အိမ်တော်ထိန်းအဖုိးကိုဘဲ
မေးရတော့တယ်..။"ဒီလိုပါ မြေးရယ်...
မြေးထွက်သွားတဲ့နေ့က
သူတစ်ယောက်ထဲကမ္ဘာပျက်နေခဲ့တာ
ပန်းအိုးတွေကိုခွဲသံကြားတော့
အဖိုးတို့လဲစိတ်ပူပြီး
အပေါ်ကိုတက်ကြည့်တော့
ဒီကလေးက သူ့လက်သူ
ပန်းအိုးကွဲစနဲ့ဖြတ်ထားတယ်လေ.."
YOU ARE READING
LOVE[Jk×Jh]
Fanfiction"ဝမ်သန်း၅၀ကိုဆပ်မလား? ကိုယ့် Personal assistantအဖြစ်အလုပ်ဝင်မလား?" "ခင်ဗျားက ဘာဖြစ်နေတာလဲ ဘာလဲ သေတော့မှာမလို့လား" Started date-27/June/2023