မှန်တင်ခုံအရှေ့တွင်
မိန့်မိန့်ကြီးထိုင်နေကာ
မျက်ခုံးတန်းများကို
တွန့်ချိုးထားသူမှာ တစ်ခုခုကို
အလိုမကျသည့်ဟန်..၊အင်္ကျီကြယ်သီးကိုသေချာတပ်လိုက်၍
နက်ခ်တိုင်တင်းနေအောင်ဆောင့်ကာ
ဆွဲချည်လိုက်သည်..။ထိုကလေးနှင့်အတူမနေရတာ
တစ်ပတ်လောက်ပင်ရှိပြီ။
ဘယ်နှယ့်သူ့ကို
ချစ်တယ်လို့ပြောသွားတာတောင်
ဘယ်လောက်ကြာသေးလို့လဲ?ကျောင်းကပွဲနီးပြီမလို့တဲ့လေ
မအားလို့သူ့ဆီတောင်ပြန်တောင်
မလာတော့။
လွမ်းရတဲ့သူကတော့ခက်ရချည်ရဲ့.။ဒီနေ့တော့ကျောင်းကပွဲရှိသည်မို့
ထိုအဆိုးလေးနှင့်တွေ့ရတော့မည်လေ။
_______________________ဂျောင်ဟိုဆော့တစ်ယောက်
ကရမည်ကိုတောင်မေ့နေလေလားမသိ။
ဝင်ပေါက်ကိုသာအာရုံစိုက်၍
တစ်စုံတစ်ယောက်အားလိုက်ရှာနေဟန်။ပြီးကာမှစိတ်အေးသွားသည့်ပုံနှင့်
ကြည့်မိတော့
ဝင်ပေါက်မှာLambrohgini
ကားအနက်တစ်စီးထဲမှထွက်လာသော
သူသည် ဂုဏ်အပြည့်နှင့်
ခန့်ညားလွန်းကာ ဝတ်ထားသည့်
ကုတ်အနက်နှင့် အလွန်ပင်လိုက်ဖက်လှနေသည်..။"ရောက်လာပြီလား ကိုကို
အဲ့ဒါဆိုကျွန်တော်သွားတော့မယ်"ဘယ်လို?သူအခုမှရောက်တာလေ။
"အခုမှရောက်တာကို...
အနမ်းလေးဘာလေးတောင်မပေးတော့ဘူးလား?""ဘယ်လိုဖြစ်နေတာလဲ?
လူတွေရှိနေတယ်လေ!"အသံတိုးတိုးနှင့်သာပြောနေရသောကြောင့်
သိပ်တော့မလွတ်လပ်လှ။"ဒါဆိုလူတွေမရှိတဲ့နေရာသွားကြမလား?"
"လာမနောက်နဲ့နော်!
ကျွန်တော်သွားရတော့မယ်
ကျွန်တော်ဘယ်လောက်အကတော်လဲ
ဆိုတာကြည့်ထားလိုက်တော့"နှာခေါင်းရှုံ့ပြကာ
ပြောသွားသော
ကလေးသည် ချစ်ဖို့ကောင်းနေသည့်
အတွက်ကြောင့် ဂျောင်ဂုတောင်ပြုံးမိ
သေးသည်..။ဖျော်ဖြေမှုစတင်လေပြီ..
ဂျောင်ဟိုဆော့တို့အဖွဲ့သည်
Mainဖြစ်သောကြောင့်
ပိတ်ကားပွင့်လာသည်နှင့်
ဟိုဆော့တို့အရင်ကရသည်...။
YOU ARE READING
LOVE[Jk×Jh]
Fanfiction"ဝမ်သန်း၅၀ကိုဆပ်မလား? ကိုယ့် Personal assistantအဖြစ်အလုပ်ဝင်မလား?" "ခင်ဗျားက ဘာဖြစ်နေတာလဲ ဘာလဲ သေတော့မှာမလို့လား" Started date-27/June/2023