7

368 44 3
                                    

"အပြစ်ပေးဝာာမပြီးသေးဘူး!"
နှုတ်ခမ်းတစ်ဖက်အားကွေးညွတ်နေအောင်ပြုံးပြ၍ပြောလာသော ဂျောင်ဂုအား ဟိုဆော့ အတော်လေးပင် အမြင်ကပ်နေပါပြီ....
"နှာဘူးကြီး!! ဖယ်...အလုပ်လုပ်စရာကျန်သေးတယ်လို့!"
ဆောင့်အောင့်၍ ထိုသို့ပြောလာသူဟိုဆော့သည်
ရှဉ့်ပေါက်လေးတစ်ကောင်လိုချစ်ဖို့ကောင်းနေပြန်သည်။
"မဖယ်ဘူး!အလုပ်လဲလုပ်စရာမလိုဘူး!"
"ခင်များဘယ်လိုဖြစ်နေတာလဲ ဖယ်ဆိုဖယ်လိုက်စမ်းပါ"
"ကိုယ်ရိုင်းတာမကြိုက်ဘူးလို့ပြောပြီးပြီနော်ချာတိတ်!"
"ရိုင်းတယ်ဘာဖြစ်လဲ အဲ့တော့ဘာလုပ်ချင်လဲ"
"မင်းလင်လုပ်ချင်တယ်"
"လီးကိုကျွန်တော့်လင်လား?"
ဟိုဆော့ပြောပြီးသည်နှင့် ဂျောင်ဂု၏ခြေထောက်အားတက်နင်းချလိုက်တော့...
"အားးး!နာတယ်လို့ဘေဘီရဲ့!"
"ဘာကိုဘေဘီလဲ နောက်တစ်ခါတက်နင်းပေးရမလား?"
ဟိုဆော့ပြောပြီးသည်နှင့် ထိုအခန်းထဲမှထွက်လာတော့ အနောက်မှ ဂျောင်ဂုသည်ထော့နဲ့"နှင့် ပါလာလေသည်.
ဆိုင်အပြင်ဘက်ဂျောင်ဂုကားနားရောက်တော့ ဂျောင်ဂုဟိုဆော့အရှေ့သို့အမြန်ပြေးသွားကာ....
"အဟမ်းး ကိုယ်လိုက်ပို့ပေးမယ်တက်"
ဂျောင်ဂုသူ၏ကားကုိလက်ဖြင့်ပုတ်ပြကာပြောလာတော့...
"ကိုယ့်ဘာကိုယ်သွားနိုင်တယ်"
"ဟက်!အနုနည်းနဲ့မရဘူးဘဲ"
ဂျောင်ဂုပြောပြီးသည်နှင့် ဟိုဆော့အားဆွဲပွေ့ကာ ကားထဲသို့ထည့်လိုက်လေသည်..
ဟိုဆော့ပြန်ထွက်မယ်လုပ်တော့ ဂျောင်ဂု
ကားကိုလော့ချလိုက်လေသည်...
"ဟ..ခင်များတော်တော်စောက်ကျင့်ယုတ်တာဘဲ"
ဟိုဆော့ပြော"ဆို"နှင့် ဂျောင်ဂုအား မကျေမနပ်မျက်စောင်းပစ်ထိုးလိုက်သည်....
ဂျောင်ဂုဘာမှပင်ပြန်မပြော..

"ခင်များဘာလုပ်တာလဲ?"
ဂျောင်ဂု ဟိုဆော့အနားတိုးလာသည်မို့ ဟိုဆော့ထိတ်လန့်သွားရသည်...
"ဘာလုပ်မယ်ထင်လို့လဲ?"
ဂျောင်ဂုက မေးငေါ့၍မေးကာ
ဟိုဆော့အနားသို့ထပ်၍တိုးလာပြန်သည်...
ဂျောင်ဟိုဆော့ဘာမှပင်နားမလည်တော့...
ဂျောင်ဂုဟိုဆော့ခုံ၏ဘေးမှ ခါးပတ်အားယူကာ
ဟိုဆော့ကိုပတ်ပေးလိုက်တော့မှ ဟိုဆော့ ရှက်သွားရပြန်သည်....
ဂျောင်ဂုဟိုဆော့နှဖူးအား လက်ညိုးဖြင့်တွန်းကာ..
"အရူးလေး..ဘာတွေတွေးနေတာလဲ?"
ထိုသို့ပြောလိုက်တော့ ဟိုဆော့မှာဆူပုတ်"နှင့်ပင်...
"အဟမ်းး ဘယ်သွားမှာလဲ"
"24hr library ကို"
"Ok!"

LOVE[Jk×Jh]Where stories live. Discover now