ဂျောင်ဂု၏အပြောကြောင့် ဟိုဆော့မှာတောင်
'ဟင်'ကနဲ ဖြစ်သွားရပြီး အံ့ဩနေဟန်ဖြင့်
ခေါင်းအားအနောက်သို့လှည့်ကာ မျက်လုံးပြူး၍
ကြည့်လိုက်လေတော့...
"ဘေဘီ ပဲရေချိုးပေးမယ်ဆို...
မချိုးပေးချင်တော့ဘူးလား?"ဂျောင်ဂု ဟိုဆော့၏ရေချိုးပေးမယ် ဟူသော
စကားကြားတည်းကပင်
ရေချိုးပြီးနေသည်ဖြစ်ပင်မဲ့ ရေချိုးခန်းထဲသို့
ခုန်ဝင်ကာ ကိုယ့်ကိုရေချိုးပေးပါလို့
ထပ်မံပြောချင်နေခဲ့ပေမဲ့ အလုပ်သွားရမည် ဆိုသော
အသိကြောင့်သာ... အလုပ်အချိန်တွင်လဲ
ရေချိုးပေးမယ် ဟူသော စကားအား
နားထဲတွင်ပြန်ကြားယောင်လာ၍
ထိုင်မရထမရနှင့် ဗြာ များနေရသူမှာလဲ
ဂျွန်ဂျောင်ဂုပင်။"ထမင်းစားပြီးမှချိုးပေးမယ်လေ...
အခုထမင်းထည့်ထားပြီးပြီ.."
ဟိုဆော့က ထိုသို့ပြောလာတော့ ဂျောင်ဂု
ဟိုဆော့ ကိုယ်လုံးလေးအား သူ၏
မျက်နှာချင်းဆိုင်သို့ဆွဲလှည့်လိုက်ကာ
အပေါ်က မီးဖိုချောင် ဘီဒိုပေါ်သို့
လက်ထောက်ကာ ဟိုဆော့မျက်လုံးများ
အားစိုက်ကြည့်၍...
"အခုချိုးပေး...ထမင်းနောက်မှစားမယ်!"
"ဟင်...အင်း"
____________________________________
ယခုအခြေအနေအားကြည့်မည်ဆိုလျင်
ဂျောင်ဂု ရေချိုးဇလုံထဲတွင်
အင်္ကျီဗလာဖြင့် ဝင်စိမ်နေကာ
ဟိုဆော့ကတော့ ဆပ်ပြာတိုက်ပေးနေရခြင်းဖြစ်သည်..။
ဤသည်မှာဂျောင်ဂု လိုချင်သည့်
အခြေအနေပင်ဖြစ်၍
လက်လွတ်စပယ် ပြောမိသွားသူ
ဟိုဆော့ကတော့ နောက်အခါ
ဒီလိုမပြောမိလေအောင် သူ၏
ပါးစပ်အားထိန်းထားလေမှဖြစ်တော့မည်..။ဂျောင်ဂု အားဆပ်ပြာတိုက်ပေးနေသည့်
ဟိုဆော့မှာ အဖြူရောင် ရှပ်အင်္ကျီ အပွအား
ဝတ်ထား၍ နတ်သားလေး။ တစ်ပါးသဖွယ်
လှပနေသည်မှာ ထိရက်စရာပင်မရှိ..။
ဤသို့သော မြင်ကွင်းအား သန်မာလှပါသော
ယောင်္ကျားပျို တစ်ယောက်ဖြစ်သည့်
ဂျောင်ဂုသည် စိတ်အစုံအား ထိန်းချုပ်နိုင်မှု
ကင်းမဲ့ နေမည်မှာ မလွဲနိုင်..။ဟိုဆော့ ဆပ်ပြာတိုက်ပေးနေသည်မှာ
ဂျောင်ဂု ရင်ဖက်နားရောက်တော့
ဂျောင်ဂုက ဟိုဆော့၏ လက်ကောက်ဝတ်အား
ကိုင်ကာ ရေချိုးဇလုံထဲသို့ ဆွဲချလိုက်သည်မှာ
ရေများပင် အပေါ်သို့ 'ဗွမ်း' ဆိုကာ
ပြန့်ကျဲသွားရသည်..။
YOU ARE READING
LOVE[Jk×Jh]
Fanfiction"ဝမ်သန်း၅၀ကိုဆပ်မလား? ကိုယ့် Personal assistantအဖြစ်အလုပ်ဝင်မလား?" "ခင်ဗျားက ဘာဖြစ်နေတာလဲ ဘာလဲ သေတော့မှာမလို့လား" Started date-27/June/2023