"ဒီလိုဗျာ.. ကမဲ့စင်ကနဲနဲလေးအခက်အခဲ
ရှိနေတယ်ဗျ.. နည်းနည်းလောက်ထပ်ကျယ်
လို့မရဘူးလားဗျာ?"
"ရတာပေါ့ဗျာ!ကျောင်းအုပ်သဘောအတိုင်း
စိတ်တိုင်းကျလုပ်ပါဗျာ"ဂျောင်ဂုစကားပြောပြီးလို့အရှေ့ဘက်ကို
လှည့်လိုက်တော့ သူနှင့်မျက်နှာချင်းဆိုင်
တည့်တည့်တွင်ထိုင်နေသည့် ဟိုဆော့က
နှုတ်ခမ်းကြီးဆူကာကြည့်နေလေသည်..။ဒါဘာဖြစ်နေတာလဲဆိုတာသူသိပ်သိတာပေါ့..။
ဟိုဆော့ ဟိုတစ်နေ့ကကိစ္စကြောင့်
ဂျောင်ဂုနှင့်မျက်နှာချင်းမဆိုင်
ချင်လောက်အောင်ရှက်နေသည်ကို
ဂျောင်ဂုက တမင်တကာ
အသဲယားစရာကောင်းအောင်
လုပ်ပြနေသလားထင်ရသည်...။ဟိုဆော့အရှေ့မှာထိုင်နေပြီး
ခြေထောက်ကိုလာထိလိုက်
မျက်ခုံးပင့်ပြလိုက်နဲ့
ဒီလူကြီးတကယ်စိတ်ရှုပ်စရာ
ကောင်းရော့လားးး..။အစည်းအဝေးပြီးပြီဆိုလို့
ပြန်သွားမည်ထင်ပါသည်..။
သို့သော်ဂျောင်ဂုက
ဟိုဆော့တို့အဖွဲ့အကလေ့ကျင့်တာကို
ကြည့်လို့ရသေးသည်ဆိုတော့
လာကြည့်နေသေးသည်..။အကကတာကိုကြည့်တာလဲ
ကောင်းကောင်းမကြည့်
ဟိုဆော့ကိုသာရွှန်းရွှန်းစား
အကြည့်တွေနဲ့ကြည်နေသည်မို့
ဟိုဆော့မသက်မသာဖြစ်ရသေးသည်..။တော်သေးသည်ပြောရမည်..။
ဂျောင်ဂုအလုပ်ကိစ္စတစ်ခုပေါ်လာလို့
ပြန်သွားရသည်လေ..။
_______________________________ဟိုဆော့အိမ်ပြန်ရောက်လို့
ဂျောင်ဂုကပြန်မရောက်သေး
ဟိုဆော့ထိုအခါမှသာ ရင်ဘက်ကို
လက်နံ့အသာဖိပြီးတော်ပါသေးသည်ဟု
တွေးလိုက်သည်..။အကတိုက်ရတာအရမ်းပင်ပန်းနေတာကြောင့်
ရေမိုးချိုးပြီးကုတင်ပေါ်လှဲကာအိပ်နေလိုက်သည်။ဘယ်လောက်မှမကြာ...
မွန်းကျပ်လို့ထင်သည်..
ပြန်နိုးလာတော့ ရင်ခွင်ကျယ်ကြီး
တစ်ခုထဲရောက်နေကာနွေးထွေးလို့နေသည်..။မျက်နှာချင်းဆိုင်အပေါ်ကိုမော့ကြည့်လိုက်တော့
နှစ်နှစ်ခြိုက်ခြိုက်အိပ်နေပြန်သေးသည်..။
YOU ARE READING
LOVE[Jk×Jh]
Fanfiction"ဝမ်သန်း၅၀ကိုဆပ်မလား? ကိုယ့် Personal assistantအဖြစ်အလုပ်ဝင်မလား?" "ခင်ဗျားက ဘာဖြစ်နေတာလဲ ဘာလဲ သေတော့မှာမလို့လား" Started date-27/June/2023