"မာရှယ်နှင့်သူ၏ဂျင်ဆင်းလေး"

2.4K 330 3
                                    

Chapter 23

သူက ကျောက်လင်းယွီကို ငေးကြည့်နေလိုက်သည်။ သူ့ဆံပင့်တို့မှာလည်း လန့်ဖျတ်ကာ ထောင်တက်သွားတော့သည်။

ယခုလေးတင်ကမှပင် အပင်စွမ်းရည်ပိုင်ရှင်ဟန်ဆောင်ကာ ကောင်းကောင်းနေသွားတော့မည်ဟု တွေးနေဆဲဖြစ်သည်။ သို့သော် သူ၏ ဟာကွက်တို့မှာ အစောကြီးကတည်းကပင် ပေါ်ပေါက်နေလိမ့်မည်ဟုတော့ မျှော်လင့်မထားပေ။

ကျောက်လင်းယွီက သူ့သရုပ်မှန်ကို သိသွားပြီဆိုတော့ အရင်တုန်းက သူ့ကို လိုက်ဖမ်းခဲ့တဲ့လူတွေလိုပဲ စားပစ်တော့မှာလား ...

ထိုအခိုက်တွင် ရမ်ရှန့်မှာ အမှန်တကယ်ပင်  ထွက်ပြေးလိုစိတ်များ ပေါ်ပေါက်လာတော့သည်။

သို့သော်ငြား ကျောက်လင်းယွီက သူ့လက်ကို အချိန်ကိုက် လှမ်းဆွဲလိုက်သည်။

သူ့လက်များမှာ ယခင်ကတည်းက ပူနွေးနေကာ ယခုအချိန်တွင် ပို၍ပင် နွေးနေသေးသည်။ ထိုအနွေးဓာတ်က ရမ်ရှန့်အဖို့ လုံခြုံသွားသလို ခံစားမိတော့သည်။

"ခင်ဗျားရော ကျွန်တော့်ကို စားပစ်မှာလား ..."

"သူ့ကို စားရမယ် ..."

ကျောက်လင်းယွီက သူ့ကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။ သူ့အတွေးတို့က လမ်းကြောင်းလွဲသွားသော်ငြား မကြာမီတွင်ပင် ရမ်ရှန့်၏ စားသည်ဆိုသော စကားမှာ အမှန်တကယ် စားသောက်ခြင်းကိုသာ ဆိုလိုမှန်း သဘောပေါက်သွားတော့သည်။

ဒါပေမယ့်  တကယ်စားတာလို့ ဆိုလိုတာ ဆိုရင်တောင် သူက ရမ်ရှန့်ကို ဘယ်လိုမျိုး စားလို့ရမှာလဲ ...

"ခင်ဗျားကလည်း ကျွန်တော့်သခင်လိုမျိုး ပျိုးထောင်ချင်တာလား စားဖို့ နည်းနည်းလေး ပေးမယ်လေ ကျွန်တော့်ကို တစ်ကိုယ်လုံးကုန်အောင် စားမပစ်လိုက်လို့ ရမလားဟင် ..."

ရမ်ရှန့်က သူ့ကို သနားကမား အကြည့်တို့ဖြင့် ကြည့်လိုက်သည်။ သူ့သခင်မှာ သူ့ကို အလွန်ကြင်နာသည် ဆိုသော်ငြား သူ့ထံမှ ဂျင်ဆင်းစေ့နှင့် သွေးတို့ကိုတော့ အခါအားလျော်စွာ ယူခဲ့သေးသည်။

ကျောက်လင်းယွီမှာလည်း သူပြောသည့် စားသည်ဆိုသည့်စကားမှာ အမှန်တကယ် စားသုံးခြင်းကို ရည်ညွှန်းကြောင်း ပို၍ သေချာလာတော့သည်။ အစောပိုင်းက သူရှာထားသည့် ဂျင်ဆင်းကို သတိရလိုက်၍ ဖျတ်ခနဲ မေးလိုက်သည်။

"မာရှယ်နှင့်သူ၏ဂျင်ဆင်းလေး"Where stories live. Discover now